သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုဗဟိုကော်မတီနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီ အစည်းအဝေး (၁/၂၀၂၄) ကျင်းပ

နေပြည်တော်    ဇွန်   ၁၂
သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုဗဟိုကော်မတီနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊      ပြည်နယ် သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှု ကော်မတီများ    အစည်းအဝေး (၁/၂၀၂၄)ကို ယနေ့ မွန်းလွဲ ၂ နာရီ တွင်    ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး   အစည်း အဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး        ကောင်စီ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သက်သေခံ ပစ္စည်း     စီမံထိန်းသိမ်းမှုဗဟို ကော်မတီဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်၊ အဖွဲ့ဝင်များဖြစ်သော စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်း လင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေ ချုပ်   ဒေါက်တာထိန်လင်းဦးနှင့် အဖွဲ့ဝင်များ၊     နေပြည်တော် သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှု ကော်မတီဥက္ကဋ္ဌနှင့်    အတွင်း ရေးမှူးတို့   တက်ရောက်ကြပြီး တိုင်းဒေသကြီး၊      ပြည်နယ် သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှု ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များက Online ဖြင့် တက်ရောက် ကြသည်။
အစည်းအဝေးတွင်     ပြည် ထောင်စုဝန်ကြီးက ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင်    ငွေကြေး ဆိုင်ရာ   အရေးယူဆောင်ရွက် ရေးအဖွဲ့ (Financial Action Task Force-FATF)က မြန်မာနိုင်ငံအား တိုးတက်ဆောင်ရွက်မှုကို  စောင့် ကြည့်မည့်   နိုင်ငံနှင့်ဒေသများ စာရင်းတွင် ထည့်သွင်းခဲ့ပြီး အကြံ ပြုချက်(၈)ချက်နှင့် ဆောင်ရွက် မည့် အစီအမံ(၁၅)ချက် ထုတ်ပြန် ခဲ့ရာ လက်ငင်းရလဒ် (Immediate Outcome 8.2)၌ နိုင်ငံ့ဘဏ္ဍာသိမ်း ပြီးချိန်ထိ သိမ်းဆည်းထားသော ပစ္စည်းများ၏တန်ဖိုးကို ထိန်းသိမ်း နိုင်ရေးအတွက် သက်သေခံပစ္စည်း များ    စီမံခန့်ခွဲမှုစနစ်တစ်ရပ် ထူထောင်ထားရှိရန်နှင့်   လိုအပ် သောအရင်းအမြစ်များ ချထားပေး ရန်ပါရှိကြောင်း၊ လက်ငင်းရလဒ် 8.2 နှင့်ပတ်သက်၍   အကောင် အထည်ဖော်    ဆောင်ရွက်ရန် အတွက်   သက်သေခံပစ္စည်းစီမံ ထိန်းသိမ်းမှု       ဗဟိုကော်မတီ၊ နေပြည်တော်၊  တိုင်းဒေသကြီး၊ ပြည်နယ်နှင့်  ခရိုင်အဆင့်ကော်မတီ များကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၀ ရက်တွင်      စတင်ဖွဲ့စည်းကာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆   ရက်တွင် ကော်မတီအဆင့်ဆင့်ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့် ကြော်ငြာစာအမှတ်   ၂၄၁/၂၀၂၃ ဖြင့်   ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ သက်သေခံပစ္စည်း  စီမံထိန်းသိမ်း မှုကော်မတီများအနေဖြင့်  ပြစ်မှု တစ်ရပ်ရပ်ဖြင့် သိမ်းဆည်းထား သော  သက်သေခံပစ္စည်းများကို တရားစွဲမတင်မီ၊ တရားစွဲတင်ပြီး တရားရုံးစစ်ဆေးဆဲ   ကာလနှင့် တရားရုံးက  နိုင်ငံ့ဘဏ္ဍာသိမ်းပြီး စီမံခန့်ခွဲမှုမပြုမီ  ထိန်းသိမ်းထား သည့်ကာလများအတွင်း ပျက်စီး၊ ပျောက်ဆုံးခြင်း၊ တန်ဖိုးလျော့ကျ ခြင်းမရှိစေရေးအတွက် သက်သေခံ ပစ္စည်း   ထိန်းသိမ်းရေးဆိုင်ရာ ညွှန်ကြားချက် ၄/၂၀၂၀ နှင့်အညီ စနစ်တကျ    စီမံထိန်းသိမ်းရန် လိုအပ်ကြောင်း၊ တရားရုံးက နိုင်ငံ့ ဘဏ္ဍာသိမ်းဆည်းရန်   အမိန့် ချမှတ်ပြီးပါကလည်း ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် ၁၇/၂၀၁၇ နှင့်အညီ စီမံ ခန့်ခွဲနိုင်ရေး ဆောင်ရွက်ရန်လိုအပ် ကြောင်းနှင့် ကော်မတီအဆင့်ဆင့် အနေဖြင့် သက်သေခံပစ္စည်းများ စီမံထိန်းသိမ်းမှုအခြေအနေများ ကို ဗဟိုကော်မတီသို့လည်း  ပေးပို့ တင်ပြရန် မှာကြားသည်။ 
ထို့နောက်  တက်ရောက်လာ သော ဗဟိုကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော်၊   တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီဥက္ကဋ္ဌများက သက်သေခံပစ္စည်း စီမံထိန်းသိမ်း ခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်မှု အခြေအနေများကို  ရှင်းလင်း တင်ပြရာ   ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက  လိုအပ် သည်များကို   ဖြည့်စွက်မှာကြား သည်။
ယင်းနောက်    သက်သေခံ ပစ္စည်းစီမံထိန်းသိမ်းမှု     ဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်က ပြစ်မှုတစ်ရပ်ရပ် ဖြင့်     သိမ်းဆည်းထားသော သက်သေခံပစ္စည်းများကို တရား ရုံးက နိုင်ငံ့ဘဏ္ဍာသိမ်းဆည်းပါက နိုင်ငံတော်၌ ထိခိုက်နစ်နာမှုမရှိစေ ရန်နှင့် ရသင့်ရထိုက်သည့်သူအား ပြန်ပေးသည့်   အခါတွင်လည်း နစ်နာမှုမရှိစေရန်အတွက်  ထိန်း သိမ်းထားသည့်  ကာလအတွင်း တန်ဖိုးလျော့ကျပျက်စီးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားပြီး  အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း   သတင်းရရှိ သည်။                    သတင်းစဉ်