သင်္ဃန်းကျွန်း၊ မူဆယ်နှင့် ကွမ်းလုံမြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် အောက်တိုဘာ ၁၇


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  အောက်တိုဘာ ၁၆ ရက်  မွန်းလွဲ ၁ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ်    နနွင်းကုန်းရပ်ကွက်   ဝေဇယန္တာလမ်းတွင် လမ်းလျှောက်လာသူ မြတ်မျိုးမောင်(ခ)အရှည်ကြီးအား မသင်္ကာဖွယ် တွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကို လည်းကောင်း၊ အလားတူ ယင်းနေ့နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် မူဆယ်မြို့ စွမ်စော်ရပ်ကွက် အိမ်အမှတ်(မဆ/၄၈၄) အခန်း အမှတ်(B-1)တွင် ငှားရမ်းနေထိုင်သူ ဇော်မင်းထွဋ် (ခ) ချိန်ရင်ဝေ၏ အခန်းကိုဝင်ရောက်ရှာဖွေရာ ဘိန်းဆီခဲ သုည ဒသမ ၂၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား  ၃၀၀   သိမ်းဆည်းရမိခဲ့ပြီး   စစ်ဆေး ပေါ်ပေါက်ချက်အရ  နံနက် ၁၀ နာရီခွဲတွင် ၎င်းငှားရမ်းထားသည့် အခန်းအမှတ် (A-13)အားရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ ကိုလည်းကောင်း။


အရေးယူထား


ထို့အတူ ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ကွမ်းလုံမြို့နယ် မာလုကော်ကျေးရွာရှိ  မကျန်လုံဖိန်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား  ၃၄၀၀ ကိုလည်းကောင်း၊ ညနေ ၅ နာရီခွဲတွင် အဆိုပါကျေးရွာရှိ ကျန်ရှောက်ဝိန်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၂၉ ကီလို၊ အိုက်စ် သုည ဒသမ ၂၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော  ဆေးဝါးများဆိုင်ရာဥပဒေအရ  အရေးယူထားကြောင်း သိရ သည်။ 


ရဲပြန်ကြား