သင်္ဃန်းကျွန်း၊ မူဆယ်နှင့် ကွမ်းလုံမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော်   အောက်တိုဘာ  ၁၇


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော  ပူးပေါင်းအဖွဲ့သည်  အောက်တိုဘာ ၁၆ ရက်  မွန်းလွဲ ၁ နာရီခွဲတွင် သင်္ဃန်းကျွန်းမြို့နယ်    နနွင်းကုန်းရပ်ကွက်    ဝေဇယန္တာလမ်းတွင် လမ်းလျှောက်လာသူ မြတ်မျိုးမောင် (ခ) အရှည်ကြီးကို မသင်္ကာဖွယ် တွေ့ရှိရသဖြင့်  စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား  ၁၀၀၀၀ ဖမ်းဆီးရမိသည်။ 

 


အလားတူ ယင်းနေ့ နံနက် ၁၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့ စွမ်စော်ရပ်ကွက် အိမ်အမှတ်(မဆ/၄၈၄) အခန်းအမှတ်(B-1) တွင်  ငှားရမ်းနေထိုင်သူ ဇော်မင်းထွဋ် (ခ)  ချိန်ရင်ဝေ၏ အခန်းကို ဝင်ရောက်ရှာဖွေရာ  ဘိန်းဆီခဲ  သုည ဒသမ ၂၅ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၃၀၀  သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ  နံနက် ၁၀ နာရီခွဲတွင်  ၎င်းငှားရမ်းထားသည့်  အခန်းအမှတ် (A-13)  ကို  ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၀၀ ကိုလည်းကောင်း၊ ထို့အတူ  ယင်းနေ့  ညနေ  ၅  နာရီ  ၁၅  မိနစ်တွင်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ကွမ်းလုံမြို့နယ် မာလုကော်ကျေးရွာရှိ မကျန်လုံဖိန်း၏ နေအိမ်ကို  ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀၀ ကိုလည်းကောင်း၊  ညနေ ၅ နာရီခွဲတွင် အဆိုပါကျေးရွာရှိ ကျန်ရှောက်ဝိန်၏ နေအိမ်ကို  ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၂၉ ကီလို၊ အိုက်စ် သုည  ဒသမ ၂၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၀၀ ကိုလည်းကောင်း  ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော   ဆေးဝါးများဆိုင်ရာ   ဥပဒေအရ    အရေးယူထားကြောင်း သိရသည်။                                                                

ရဲပြန်ကြား