သင်ကြားပို့ချပေးမည့် စာတွေ့လက်တွေ့သင်ခန်းစာများကို ထိထိမိမိသင်ယူလေ့လာ အလေးမအားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ မွေးထုတ်နိုင်အောင်ကြိုးစား

 

နေပြည်တော်   ဇွန်    ၂၆
အလေးမအားကစားနည်း  ဖွံ့ဖြိုး တိုးတက်စေရန်၊   မျိုးဆက်သစ် အားကစားသမားများစွာ မွေးထုတ် ပေးနိုင်စေရန်နှင့်အချိန်နှင့် တစ်ပြေး ညီ   တိုးတက်ပြောင်းလဲနေသည့် ဥပဒေ၊  နည်းဥပဒေ၊   စည်းမျဉ်း စည်းကမ်းများကို     အချိန်တို အတွင်း   သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ နိုင်ငံ      အလေးမအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အလေးမ ဒိုင်နှင့် နည်းပြသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ  အခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်         အားကစား လေ့ကျင့်ရေးစခန်း  (Gold Camp)ရှိ   Multipurpose     Hall    ၌  ကျင်းပသည်။
အခမ်းအနားသို့   အားကစား နှင့်   လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးမင်း သိန်းဇံ၊ ဒုတိယဝန်ကြီးများ  ဖြစ် ကြသည့်   ဦးထိန်လင်း၊ ဦးဇင်မင်း ထက်၊ ညွှန်ကြားရေးမှူးချုပ်များ နှင့်   တာဝန်ရှိသူများ၊    မြန်မာ နိုင်ငံ  အလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြ သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းသို့   တက်ရောက် လာကြသည့်    သင်တန်းသား သင်တန်းသူများအနေဖြင့် အချိန် နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲ နေသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်း မျဉ်း စည်းကမ်းများကို   အချိန်တို အတွင်း   သိရှိလေ့လာခွင့်ရရှိမည် ဖြစ်သည့်အတွက် မိမိတို့ တာဝန် ကျရာဒေသအသီးသီးတွင် မျိုးဆက် သစ်အလေးမ  အားကစားသမား များကို ရှာဖွေစည်းရုံး စုဆောင်း၍ စနစ်တကျ   လေ့ကျင့်သင်ကြား ပေးနိုင်ရေးအတွက် သင်တန်းမှ သင်ကြားပို့ချပေးမည့်   စာတွေ့ လက်တွေ့    သင်ခန်းစာများကို စိတ်ပါဝင်စားစွာဖြင့်   ထိထိမိမိ သင်ယူလေ့လာပြီး      အလေးမ အားကစားနည်းဖြင့်   နိုင်ငံ့ဂုဏ် ဆောင်နိုင်သည့် အားကစားသမား များစွာ   မွေးထုတ်ပေးနိုင်သည့် နည်းပြဆရာကောင်းများ   ဖြစ် အောင်     ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားပြီး စုပေါင်း မှတ်တမ်းတင်    ဓာတ်ပုံရိုက်၍ အခမ်းအနားကို   ရုပ်သိမ်းလိုက် ကြောင်း သိရသည်။
သတင်းစဉ်