သံဖြူဇရပ်မြို့နယ် ကျိုက်နဲရေလယ်ဘုရားပွဲသို့ လာရောက်သည့် ဘုရားဖူးပြည်သူ ၁၅ ဦး ရေနစ်သေဆုံး

သံဖြူဇရပ်   နိုဝင်ဘာ   ၂၁


မွန်ပြည်နယ်  သံဖြူဇရပ်မြို့နယ်၌   နှစ်စဉ်ကျင်းပမြဲဖြစ်သည့်      အံခဲ ကျေးရွာနှင့် ဝဲကလောင်းကျေးရွာ ကြားရှိ     ကျိုက်နဲရေလယ်ဘုရား ပွဲတော်ကျင်းပနေစဉ် ယနေ့နံနက်  ၈  နာရီခန့်က ရေလယ်ဘုရားသို့ လာရောက်ဖူးမြော်သည့်  ဘုရားဖူး ပြည်သူများ  စည်ကားလျက်ရှိရာ     ဘုရားဖူး   ပြည်သူများအနေဖြင့် ဘုရားသို့      သွားရောက်သော ရေလယ်နတ်လမ်း   ရေကျသည့် အချိန်အား   စောင့်ဆိုင်းမှုမရှိဘဲ တစ်ဦးနှင့်တစ်ဦး    တိုးကြိတ်၍   အလုအယက်    သွားရောက်မှု ကြောင့်      ဘုရားဖူးပြည်သူအချို့ ပင်လယ်အတွင်းသို့   ပြုတ်ကျ၍ ရေနစ်သေဆုံးခဲ့ကြောင်း   သိရ သည်။


အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍    ပင်လယ်အတွင်းသို့    ပြုတ်ကျ သွားသည့်       ပြည်သူအချို့အား သံဖြူဇရပ်မြို့နယ်   အုပ်ချုပ်ရေး မှူး၊ မြို့နယ်ရဲမှူးနှင့်    တပ်ဖွဲ့ဝင် များ၊ လူမှုကယ်ဆယ်ရေးအသင်း များက    စက်လှေများဖြင့်   ရှာဖွေ ကယ်ဆယ်ရေး       လုပ်ငန်းများ ဆောင်ရွက်ကြရာ      သေဆုံးသူ သံဃာ     တစ်ပါး      အပါအဝင် အမျိုးသား သုံးဦးနှင့်အမျိုးသမီး  ၁၂    ဦး​  ပေါင်း ၁၅ ဦး သေဆုံးခဲ့ ကြောင်း၊ ဆက်လက်၍    တာဝန် ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်း များ      ဆောင်ရွက်နေကြောင်းနှင့်   သေဆုံးသူများ၏   ရုပ်အလောင်း များအား  ပိုင်ရှင်များထံသို့    စနစ် တကျ    လွှဲပြောင်းပေးအပ်ပြီး   သံဖြူဇရပ်မြို့မရဲစခန်းတွင် အမှုဖွင့်     ဆောင်ရွက်လျက်ရှိကြောင်း  သိရ သည်။        

မြို့နယ်(ပြန်/ဆက်)