
သံတောင်ကြီး ဩဂုတ် ၆
ကရင်ပြည်နယ် သံတောင်ကြီးမြို့ သည် တောင်ပေါ်ဒေသမြို့ဖြစ် သည့်အားလျော်စွာ မိုးအဆက် မပြတ်ရွာသွန်းခြင်းကြောင့် ယမန် နေ့ ညပိုင်းတွင် မြေပြိုမှုများ ဆက်လက် ဖြစ်ပေါ်နေကြောင်း သိရသည်။
မြေပြိုမှုများကြောင့် သံတောင် ကြီးမြို့ အမှတ်(၄)ရပ်ကွက် ဦးစော ညွန့်ဝေ၏ နေအိမ်အဆောက် အအုံ တစ်ခြမ်းနှင့် ဒေါ်နော်ဟဲမာမူ ၏ နေအိမ်တစ်ခြမ်း ပျက်စီးခဲ့ ကြောင်း သိရသည်။
အဆိုပါ မြေပြိုမှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်များမှ မိသားစုဝင်များသည် ဆွေမျိုးများ နေအိမ်သို့ ပြောင်းရွှေ့နေထိုင် လျက်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့နှင့် အများပြည်သူများက အပျက်အစီးများကို ရှင်းလင်း ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)