
သထုံမြို့ ဇူလိုင် ၃၀
မွန်ပြည်နယ် သထုံမြို့နယ် ဒုံဝန်း ကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဇူလိုင် ၂၅ ရက် ညပိုင်းမှစတင်၍ ကျေးရွာ ၏ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်ကာ ယနေ့အချိန်ထိ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွား လျက်ရှိသည်။
အလှူရှင်ပြည်သူများ၏ ပံ့ပိုး ကူညီမှုဖြင့် သောက်ရေသန့်ဘူး များကို နှောင်ကြိုးမဲ့လူမှုကူညီရေး အသင်းက ဇူလိုင် ၂၇ ရက်မှ စတင် ၍ သောက်သုံးရေ အခက်အခဲ ရှိသောနေရာ၊ နေအိမ်များသို့ လိုက်လံပို့ဆောင်ပေးနေကြောင်း သိရသည်။
“ကျေးရွာရဲ့ အနိမ့်ပိုင်း ရပ်ကွက် ၇ နဲ့ ၈ မှာ ရေမြုပ်နေတာ ငါးရက်ရှိပြီ။ ရေတွင်း၊ ရေကန်၊ အိမ်သာတွေပါ ရေမြုပ်နေတော့ သောက်သုံးရေအတွက် အခက် အခဲဖြစ်နေတာပါ။ ရေသန့်ဘူးကြီး တွေကို ဘုန်းတော်ကြီးကျောင်း နဲ့ လူနေအိမ်တွေကို လိုက်လံ ပို့ဆောင်ကူညီနေပါတယ်။ ရေ လီတာ ၂၀ ဝင် ဘူးကြီး ၁၀၀၊ တစ်လီတာဝင် ခြောက်ဘူးပါ ရေကတ် ၁၈၀ ကို ပို့ဆောင်ပေးပြီး ပါပြီ ” ဟု နှောင်ကြိုးမဲ့ပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ခံ တစ်ဦးက ပြောသည်။
ခွန်(ဝင်းပ)