သထုံမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ခရီးသွားမော်တော်ယာဉ်တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးသေဆုံး

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁


မွန်ပြည်နယ်    သထုံမြို့နယ်၌ အကြမ်းဖက်သမားများက    ခရီး သွား မော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်၍    အပြစ်မဲ့ ပြည်သူ အမျိုးသားတစ်ဦး သေဆုံး ခဲ့သည်။

 


ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ရက် နံနက် ၇ နာရီခွဲတွင် မွန်ပြည်နယ် သထုံမြို့နယ်  ကမာစိုင်ကျေးရွာ (ရွာသစ်)အနီး ရန်ကုန် - မော်လမြိုင် ကားလမ်း   မိုင်တိုင်အမှတ် ၁၃၃ မိုင်   ၆ ဖာလုံနှင့်   ၇   ဖာလုံကြား ၌   ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း   သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင် များက   သွားရောက်စစ်ဆေးခဲ့ရာ ဦးနိုင်မင်းထွန်း  (ခ) ဝက်ကလေး    (၃၄) နှစ်သည်  Toyota Hilux အဖြူရောင်ယာဉ်ဖြင့်    အဆိုပါ လမ်းအတိုင်း ဟင်းသီးဟင်းရွက် များ   တင်ဆောင်မောင်းနှင်လာ စဉ် အခင်းဖြစ်နေရာ အရောက်၌    PDF   အမည်ခံ အကြမ်းဖက်သမား များက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့်     ပေါက်ကွဲမှုကြောင့်      မော်တော် ယာဉ်၏      ယာဘက်ခြမ်းနှင့် ရှေ့လေကာမှန်တို့    မိုင်းစထိမှန်   ပျက်စီးခဲ့ပြီး ဦးနိုင် မင်းထွန်း (ခ)  ဝက်ကလေးတွင်    မိုင်းစထိမှန်ဒဏ်ရာများ  ရရှိကာ   အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ ကြောင်း သိရှိရသည်။

 


ထိုသို့   ခရီးသွားမော်တော် ယာဉ်များကို    မိုင်းဆွဲတိုက်ခိုက် ၍      အပြစ်မဲ့      ပြည်သူတစ်ဦး သေဆုံးစေခဲ့သူ    အကြမ်းဖက် သမားများကို     ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက လုံခြုံရေးလုပ်ငန်းစဉ်များ နှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်