သထုံမြို့နယ်တွင် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိ

 

နေပြည်တော်   မတ်   ၂၃


သထုံမြို့နယ်တွင်    ငွေကျပ်  ၃၀ ဘီလီယံတန်ဖိုးရှိ  အိုက်စ် (မက်သ် အဖက်တမင်း)  များ   ဖမ်းဆီးရမိ ခဲ့ကြောင်း    မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ      သိရသည်။ 

 


ဖြစ်စဉ်မှာ     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး       ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည်   မတ် ၁၇ ရက်   မွန်းလွဲ ၁၂ နာရီခွဲတွင် မွန်ပြည်နယ် သထုံ မြို့နယ် ရန်ကုန်-မော်လမြိုင် သွား ကားလမ်းမိုင်တိုင်အမှတ်(၁၄၅/၆)အနီးတွင်   ပဲခူးမှ    မော်လမြိုင်သို့ ရဲဝင်းအောင်(၃၀)နှစ်   မောင်းနှင် ပြီး အောင်ဇေဦး(ခ)ကိုဦး(၂၃)နှစ် လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ် နှင့်         တာဝန်ခံသယ်ဆောင်သူ ဇော်ဇော်(၃၉)နှစ်   မောင်းနှင်လာ သည့်  Suzuki swift  မော်တော် ယာဉ်နှစ်စီးတို့ကို       သတင်းအရ ရှာဖွေရာ   ၂၂ ဘီးတွဲယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး    ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ   အိုက်စ် (မက်သ် အဖက်တမင်း) ကီလို ၁၂၀၀ သိမ်း ဆည်းရမိခဲ့ပြီး   စစ်ဆေးဖော်ထုတ် ချက်များအရ     သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ ကို     ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကရင်ပြည်နယ်   မြဝတီ၊ မြန်မာ-ထိုင်းနယ်စပ်သို့  သယ်ဆောင်ခြင်း ဖြစ်ကြောင်း   သိရှိရသဖြင့် ၎င်းတို့ သုံးဦးအား   ဥပဒေအရ   အရေးယူ ထားရှိပြီး      ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို    ဆက်လက် စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း   သိရသည်။  


    သတင်းစဉ်