သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသည့် ရိုးရိုးဒီဇယ်ဆီ(500ppm)ကို အများပြည်သူအလွယ်တကူ ကွဲပြားခြားနားစွာ သိရှိဝယ်ယူသုံးစွဲနိုင်စေရန်အတွက် အပြာရောင်ဖြင့် ဖြန့်ဖြူးရန် စီစဉ်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇွန် ၂၇
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် အများပြည်သူ အလွယ်တကူကွဲပြားခြားနားစွာ သိရှိဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ပြည်ပမှတင်သွင်းပြီး ပြည်တွင်းတွင် ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိသော စက်သုံးဆီများအနက်မှ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသည့် ရိုးရိုးဒီဇယ်ဆီ(500ppm)ကို အပြာရောင်ဖြင့် လာမည့်ဇူလိုင်လဆန်းပိုင်းမှစ၍ ဈေးကွက်အတွင်းသို့ဖြန့်ဖြူးရန်  စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                                                 
သတင်းစဉ်