
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တရားမဝင် ဒစ်ဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်း နှင့် နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို တရားဝင် လိုင်စင်မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေး အဖွဲ့အစည်း များဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၄-၅-၂၀၂၄ ရက် နေ့က အသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက်တွင် အဆိုပါတားမြစ်ချက်ကို လိုက်နာခြင်း မရှိသူများကို ငွေစာရင်းများပိတ်သိမ်းခြင်း၊ တရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါအသိပေးကြေညာချက်ထုတ်ပြန်ခဲ့သည့် ၂၄-၅-၂၀၂၄ ရက်နေ့မှ ယနေ့အထိ နိုင်ငံခြား ငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် အောက်ဖော်ပြပါ လူပုဂ္ဂိုလ် (၃၉)ဦးတို့အား စိစစ်ဖော်ထုတ်ပြီး ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်း များတွင် ဖွင့်လှစ်ထားရှိသည့် ၎င်းတို့၏ဘဏ်ငွေစာရင်းများနှင့် Pay Account များအား ယာယီဆိုင်းငံ့ ခြင်းများ ဆောင်ရွက်ထားပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း ၎င်းတို့အား တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း များက စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိပါသည်-
စဉ် အမည် နိုင်ငံသားစိစစ်ရေးကတ်အမှတ်
(၁) Ohn Nyunt Sein 8/PaKhaKa (N) 331535
(၂) Aung Ko Win 5/KaLaNa (N) 034953
(၃) Phyo Min Aung 8/TaTaKa (N) 183930
(၄) Kyaw Thiha Htwe 9/PaAuLa (N) 014611
(၅) May Zin Htet 12/YaPaTha (N)081308
(၆) Zun Lin Htet Naing 9/AhMaZa (N) 055282
(၇) Wai Tha Zin Oo 7/YaTaYa (N) 228966
(၈) Aye Thet Mar 7/AhPhaNa (N)125615
(၉) Wai Phyo Kyaw 8/AhLaNa (N) 224563
(၁၀) Daw Su Po Po Aung 12/ThaKaTa (N) 215085
(၁၁) Myo Min 7/NaTaLa (N) 151381
(၁၂) Chan Nyein Aung 7/AhPaNa (N) 117100
(၁၃) မရင်ရင်မျိုး 13/LAYANA(N) 191218
(၁၄) ကောင်းမြတ်ကျော် 12/YAKANA(N) 089166
(၁၅) လုံဖူး 13/HAPATA(N) 014208
(၁၆) ဒေါ်နှင်းခရေ 8/YASAKA(N) 257004
(၁၇) ကျော်ကျော်ဦး ၁၃/လရန (နိုင်) ၁၈၈၈၅၈
(၁၈) ကျော်ထွန်းလင်း ၉/ပမန (နိုင်) ၁၉၁၇၅၀
(၁၉) သိန်းတိုးအောင် ၁၃/ကလန (ဧည့်) ၀၀၀၆၂၅
(၂၀) U KAUNG HTET SAN 13/TAKANA(N)272872
(၂၁) Han Min Aung ၁၀/မဒန(နိုင်)၀၉၈၄၂၁
(၂၂) MIN KHANT NYI 12/PAZATA(N)038144
(၂၃) Thein Zaw Oo 12/KAMATA(N)047930
(၂၄) Soe Sandar Win 5/PALANA(N)081728
(၂၅) Zin Ko Latt ၁၄/ဝခမ(နိုင်)၃၄၂၃၃၆
(၂၆) Shoon Lae Nadi Zaw ၇/ရတရ(နိုင်)၂၇၀၀၆၉
(၂၇) Ma Hla Hla 13/LALANA(N)005245
(၂၈) Yi Yi Cho 7/THAWATA(N)181720
(၂၉) U Wai Lin Aung 9/MANAMA(N)118774
(၃၀) Daw San Win 8/PAKHAKA(N)076098
(၃၁) Mg Chit Ko 12/LAMANA(N)054438
(၃၂) Nawe Nawe Soe 14/MAMAKA(N)315603
(၃၃) Min Ko Ko 5/KHAOUNA (N) 103987
(၃၄) Daw Tin Zar Myint 12/YAPATHA(N) 040104
(၃၅) Nang Yadanar 9/KHAMASA (N) 057131
(၃၆) Daw Shauk Chi 13/TAKANA (N) 123191
(၃၇) Khin Lwin Lwin Theint 7/PAKHANA (N) 181332
(၃၈) Kyaw Ko Ko Khaing 7/KAWANA (N) 107041
(၃၉) Thar Htet Zan 12/YAPATHA (N) 102551
၃။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုံးနစ်နာမှုများ မဖြစ်ပေါ်စေရေး အတွက် တရားမဝင် ဒစ်ဂျစ်တယ်ငွေကြေးများ အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် ဟွန်ဒီဖြင့် တရားမဝင် ငွေလွှဲလုပ်ငန်းဆောင်ရွက်ခြင်းများမပြုလုပ်ကြပါရန် ထပ်မံအသိပေးအပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(၄-၆-၂၀၂၄)