
၁။ မြန်မာနိုင်ငံဘဏ်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားရှိသည့် လမ်းညွှန်မှုများနှင့်အညီ စည်းမျဉ်းများကို လေးစားလိုက်နာဆောင်ရွက်လျက်ရှိပါသည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်း များနှင့် လူအများအပြား သေကျေစေသည့် လက်နက်များ ပြန့်ပွားရေး ကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လည်း ဘဏ်များသည် Regulatory Authority ဖြစ်သည့် ဗဟိုဘဏ်မှ ချမှတ်ထားသည့် ညွှန်ကြားချက်များနှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ ဘဏ်များသည် SDN List အပါ အဝင် နိုင်ငံတကာ အရေးယူဆောင်ရွက်မှုစာရင်းများတွင် ပါရှိနေ သော လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီလုပ်ငန်းများအတွက် ပြည်တွင်း၊ ပြည်ပ ငွေကြေးလွှဲပြောင်းမှုများကို လုံးဝဆောင်ရွက်ပေးခြင်းမရှိဘဲ ဆက်သွယ် ဆောင်ရွက်သူများ၏ ရယူရမည့် အချက်အလက်များအား သေချာစွာ စိစစ်ရယူခြင်းနှင့် ပြည်တွင်း၊ ပြည်ပ ငွေကြေးလွှဲပြောင်းမှုများအပေါ် အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်း (Enhanced Due Diligence-EDD) ကို စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်။
၂။ မြန်မာနိုင်ငံဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်နေသည့် နိုင်ငံခြားဘဏ်များသည်လည်း ၎င်းတို့၏ သက်ဆိုင်ရာအာဏာပိုင် များ၏ တင်းကျပ်သော စည်းမျဉ်းများအရ မြန်မာနိုင်ငံဘဏ်များ၏ ကုန်သွယ်မှုအတွက် ငွေပေးချေမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ တွင် ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုများအား အလေးထားစိစစ်ခြင်း အား တိုးမြှင့်ဆောင်ရွက်ခြင်း(EDD)လုပ်ငန်းစဉ်များ ပြီးစီးမှသာ ဆောင်ရွက်ပေးလျက်ရှိပါသည်။
၃။ မြန်မာနိုင်ငံဘဏ်များသည် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက် ရေးအဖွဲ့ (Financial Action Task Force-FATF)က သတ်မှတ်ထား သည့် အလေးထားစိစစ်မှုများ တိုးမြှင့်ဆောင်ရွက်ရန် တောင်းဆိုခြင်း ခံရသည့် နိုင်ငံနှင့် ဒေသများစာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက်လည်း FATF မှ သတ်မှတ်ပေးထားသည့် အကောင်အထည်ဖော်ဆောင်ရွက်ရေး အစီအမံများကို သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။
၄။ ဘဏ်များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းများနှင့် လူအများ အပြားသေကျေစေသည့် လက်နက်များ ပြန့်ပွားရေးကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများအား အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် လုပ်ငန်းစဉ်များ အတွက်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုများအရ ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံဘဏ်များအသင်း
(၂၇-၆-၂၀၂၄)