
သုဝဏ္ဏဝတီမြို့ ဇန်နဝါရီ ၆
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ မြို့မဈေးရှေ့ရှိ ကမ္ဘာ့ရတနာဘဏ် (ကျိုက္ကော်) ၌ ဇန်နဝါရီ ၆ ရက် နံနက် ၁၁ နာရီတွင် လူတစ်စုက ဘဏ် အတွင်း ဝင်ရောက်၍ ဘဏ်ငွေ များ (စိစစ်ဆဲ) ကို အနုကြမ်းစီး ယူဆောင်သွားခဲ့ကြောင်း သိရ သည်။
လူထိခိုက်ဒဏ်ရာမရရှိ
အခင်းဖြစ်ပွားသည့်နေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ သိမ်ဆိပ် နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဘဏ်အတွင်းရှိ ဘဏ်ဝန်ထမ်း များ၊ ဘဏ်သို့ ငွေသွင်း၊ ငွေထုတ်ရန် လာရောက်သူ မျက်မြင်သက်သေ များအား စစ်ဆေးမေးမြန်းနေ ကြောင်း၊ လုယက်သူများထံ ပါသွားသော ဘဏ်ငွေများကို အတိ အကျ သိရှိရအောင် စစ်ဆေးနေ ဆဲဖြစ်ကြောင်းနှင့် လူထိခိုက် ဒဏ်ရာမရရှိကြောင်း သိမ်ဆိပ် နယ်မြေရဲစခန်းမှ သိရသည်။
ရှာဖွေစစ်ဆေး
ဘဏ် အနုကြမ်းစီးသူများ သည် ကားတစ်စီးဖြင့် ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရ သဖြင့် အမြန်ဆုံးဖမ်းဆီးရမိနိုင်ရန် သက်ဆိုင်ရာက ရှာဖွေစစ်ဆေး နေကြောင်း သိရသည်။
ခွန်(ဝင်းပ)