
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံတို့အကြား
သံတမန်ဆက်သွယ်မှုထူထောင်သည့် (၇၅) နှစ်ပြည့် စိန်ရတုအခါသမယအား ဂုဏ်ပြုသောအားဖြင့်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
သီရိလင်္ကာနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နှင့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများအပြန်အလှန်ပေးပို့
နေပြည်တော် ဇွန် ၇
၂၀၂၄ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင်ကျရောက်သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတ နိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှု ထူထောင်သည့် (၇၅) နှစ်ပြည့် စိန်ရတုအခါသမယအား ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သီရိလင်္ကာနိုင်ငံသမ္မတ မစ္စတာရာနေးလ် ဝစ်ခ်ရီမီဆင်းဟီနှင့်လည်းကောင်း၊ သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် မစ္စတာဒင်းနစ် ဂူနာဝါဒီနာနှင့်လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးအပြန်အလှန်ပေးပို့ခဲ့ကြသည်။ သတင်းစဉ်