ပညာရေး

၂၀၂၅–၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲရလဒ်များနှင့် အရည်အသွေးပညာရေး ဖော်ဆောင်မှု

 

ဇော်ထွန်းအောင်(ပညာရေး)

ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ပေးသည့် အခြေခံအင်အားဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်ပါသည်။ ယနေ့ကမ္ဘာတွင် ပညာရေး၏အောင်မြင်မှုကို စာမေးပွဲအောင်ချက် သို့မဟုတ် အမှတ်ကောင်းရရှိမှု တစ်ခုတည်းဖြင့် တိုင်းတာခြင်းမဟုတ်တော့ဘဲ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု၊ သင်ယူသူ၏ စွမ်းဆောင်ရည်နှင့် စစ်ဆေးအကဲဖြတ်မှုတို့ အပြန်အလှန်ညီညွတ်မျှတစွာ ချိတ်ဆက်လည်ပတ်နိုင်မှုကို အရေးပါသော အရည်အသွေးညွှန်းကိန်းတစ်ရပ်အဖြစ် ပိုမိုအလေးထားလာကြပါသည်။

မန္တလေးတောင်ခြေက အသက်ရှည်ရာ အနာမဲ့ကြောင်း တိုင်းရင်းဆေးတက္ကသိုလ် (တွေ့ဆုံမေးမြန်း)

 

ကိုထိပ်(မန္တလေး)

မြန်မာ့ရိုးရာအမွေအနှစ်ဖြစ်တဲ့ တိုင်းရင်းဆေးပညာကို စိတ်ဝင်စားသူတစ်ဦးအနေနဲ့ ဒီပညာရပ်ကိုသင်ယူနိုင်မယ့် တိုင်းရင်းဆေးတက္ကသိုလ်အကြောင်း ပိုမိုသိရှိလိုတာကြောင့် မန္တလေးတောင်ခြေက တိုင်းရင်းဆေးတက္ကသိုလ်ဆီသို့ လှမ်းခဲ့ပါတယ်။ တက္ကသိုလ်အဝင်မုခ်ဦးကဖြတ်ဝင်ရင်း တက္ကသိုလ်ဝင်တန်း အောင်မြင်သူတွေ မကြာမီဒီမုခ်ဦးဆီကို ရောက်လာကြတော့မှာလို့ တွေးနေမိပါတယ်။ ဒီအချိန်မှာပဲ တိုင်းရင်းဆေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာသိန်းဇော်လင်းကို မြင်တွေ့လိုက်ရပါတယ်။ ဒါနဲ့ ဆရာကြီးကို သိလိုတာတွေ မေးမြန်းခွင့်ရခဲ့ပါတော့တယ်။

ဆရာ ဆရာမများ၏ ပညာအရည်အသွေးမြင့်မားရေး ကြိုးစားဆောင်ရွက်ပေး

ဒေါက်တာသန့်စင် (ရူပဗေဒ)

 

ကျွန်တော်၏မိခင်သည် မူလတန်းပြဆရာမတစ်ဦးဖြစ်ပါသည်။ ယခုအခါ အငြိမ်းစားယူပြီး အသက် ၉၅ နှစ်ရှိပြီဖြစ်ပါသည်။ ကျွန်တော်၏မိခင်ဘက်မှ အမျိုးများသည်လည်း အခြေခံပညာ ဆရာ၊ ဆရာမ၊ ကျောင်းအုပ်၊ ပညာရေးမှူးအငြိမ်းစားများဖြစ်ကြပါသည်။ ကျွန်တော်သည် အခြေခံပညာရေးကို များစွာစိတ်ဝင်စားပါသည်။ ကျွန်တော်အထက်တန်းကျောင်းသားဘဝက ရူပဗေဒနှင့် သင်္ချာဘာသာရပ်ကို များစွာစိတ်ဝင်စားခဲ့ပါသည်။ တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း သင်္ချာနှင့် ရူပဗေဒဘာသာရပ်ဂုဏ်ထူးဖြင့် မုံရွာမြို့ အထက (၁) မှ အောင်မြင်ခဲ့ပါသည်။

လူသားဉာဏ်ရည်၊ ဉာဏ်ရည်တုနည်းပညာနှင့် ထားရှိရမည့်ကျင့်ဝတ်

 

ဒေါက်ဇော် (သလ္လာမြေ)

ကမ္ဘာဦးအစ သမိုင်းဦးကာလများမှစ၍ ယနေ့အထိ ကမ္ဘာမြေပေါ်တွင် လူသားတို့သည် မိမိတို့၏အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်ကာ ကမ္ဘာကြီးကို အစဉ်တစိုက် ပြောင်းလဲတိုးတက်စေခဲ့သော အသိဉာဏ်အမြင့်မားဆုံး သက်ရှိထူးခြားမျိုးစိတ်များဖြစ်ကြပါသည်။ လူသားတို့၏ လေ့လာသင်ယူနိုင်စွမ်း၊ အကြောင်းအရာများကို နားလည်နိုင်စွမ်း၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းဟူသော စွမ်းရည်ထက်မြက်မှုများကြောင့် ယနေ့ခေတ်တွင် ဘဝကို ပိုမိုလွယ်ကူသက်သာစေသည့် အဆင့်မြင့်နည်းပညာများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။

ခရီးသွားအတွေ့အကြုံများမှ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်ဘာသာရပ်များအတွက် အတွေးတစ်စ (အပိုင်း-၂၉)

 

ကမ္ဘာ့နာမည်ကြီး ဘက်စုံသင်တက္ကသိုလ်များ

ဒေါက်တာမျိုးကြွယ်

(ပါမောက္ခချုပ် - ငြိမ်း)

ဩစတြေးလျနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဍ နိုင်ငံတကာတွင် ထိပ်တန်းရောက်နေရခြင်းသည် စိုက်ပျိုးမွေးမြူရေးပညာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာရေးတို့ နှစ်စဉ်တိုးတက်ပြောင်းလဲလာမှုအပေါ် မူတည်ပါသည်။ ထိုနိုင်ငံတက္ကသိုလ်များရှိ စိုက်ပျိုးမွေးမြူရေးပညာ သင်ကြား၊ သုတေသနများ ဆောင်ရွက်နေမှုတို့ကို အမိနိုင်ငံအတွက် အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ဆက်လက်ဆွေးနွေးလိုပါသည်။

သုတလိုက စာဖတ်ကြ

 

စာဖတ်ပရိသတ်တစ်ဦး

သည်ဘက်ခေတ်တွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ဗုဒ္ဓဝင်သုတဆိုင်ရာပြိုင်ပွဲများ ခေတ်စားလာသည်။ ကျွန်တော်တို့ခေတ် ငယ်စဉ်ကာလကမူ ကစားဖော်အချင်းချင်း စကားထာဝှက်တမ်းကစားနည်းများ၊ ရုပ်ရှင်ပဟေဠိကစားနည်းများသာရှိခဲ့သည်။

အလေးအနက်ပေးဝေ ပညာအမွေ

 

သတင်းထောက် သာထူး

ပညာခေတ်ကြီးထဲမှာ သေစာရှင်စာထက် ပိုပြီးပညာကို မသင်ချင်ကြတဲ့ကိစ္စကနိုင်ငံအတွက် အတော်အန္တရာယ်ကြီးတဲ့ကိစ္စဗျ။ မြန်မာနိုင်ငံမှာ စာတတ်မြောက်ရေးလှုပ်ရှားမှုတွေရဲ့ ကျေးဇူးကြောင့် လူဦးရေရဲ့ ၉၂ ဒသမ ၁ ရာခိုင်နှုန်းက အခြေခံအရေး၊ အဖတ်၊ အတွက်အချက်တတ်မြောက်ကြတယ်။ လူ ၁ဝ ယောက်မှာ ၉ ယောက် စာတတ်ကြတယ်ပေါ့ဗျာ။ အဲဒီလိုစာတတ်မြောက်မှုနှုန်းမြင့်မားတယ်ဆိုပေမယ့် နိုင်ငံအတွက်အားကိုးအားထားပြုရမယ့် ပညာတတ်ဦးရေကတော့ အင်မတန်မှနည်းပါးလှပါတယ်။ နည်းပါးရတဲ့အကြောင်းရင်းကို ကြည့်လိုက်တော့ ပညာကိုတန်ဖိုးထားပြီး လေးလေးနက်နက် သင်ပေးလိုမှုတွေ ကင်းမဲ့ကြလို့ဆိုတာကို တွေ့ရပါတယ်။

Subscribe to ပညာရေး