ခြိုးခြံချွေတာရေးမှ တိုးတက်ရေးဆီသို့
မြင့်မောင်စိုး
ယခုတလော ကျွန်တော်ဖတ်မှတ်မိသော သတင်းများတွင် ခြိုးခြံချွေတာရေးသတင်းများဖြစ်သည်။ နွေရာသီရောက်တော့မည်ဖြစ်၍ ရေကိုချွေတာသုံးစွဲရ မည်ဆိုသော သတင်း၊ ဆည်ရေများလျော့နည်းလာ၍ လျှပ်စစ်မီးကိုချွေတာရမည်ဆိုသော သတင်း၊ စားသုံးဆီနှင့်စက်သုံးဆီများ ပြည်ပကတင်သွင်းနေရ၍ လျှော့ချသုံးစွဲသင့်သည်ဆိုသော သတင်း စသည့်ချွေတာရေးသတင်းများဖြစ်လေသည်။ ထိုသတင်းအချက်အလက်များက ယနေ့တိုင်းပြည်တွင် ဘက်ပေါင်းစုံမှ ခြိုးခြံချွေတာရေးစနစ်ကိုကျင့်သုံးပြီး ကုန်ထုတ်စွမ်းအားကို အရှိန်အဟုန်နှင့်မြှင့်တင်သွားရန် သံချောင်းခေါက်လိုက်ခြင်းဖြစ်သည်။
- Read more about ခြိုးခြံချွေတာရေးမှ တိုးတက်ရေးဆီသို့
- Log in to post comments



