တစ်ဦးချင်းအရည်အသွေးအပေါ် အခြေခံတည်ဆောက်ခြင်းဖြင့် …..
မျိုးငြိမ်းငယ်
=====
ကောင်းမွန်သော လူမှုပတ်ဝန်းကျင်တစ်ခု တည်ဆောက်ရာတွင် ယင်းပတ်ဝန်းကျင်၌ ပါဝင် နေသည့် တစ်ဦးချင်းတစ်ယောက်ချင်းစီ၏ စိတ်သဘောထား၊ အသိအမြင်၊ စိတ်ဝင်စားမှု၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ တန်ဖိုး၊ လေ့လာသင်ယူမှု တို့ကဲ့သို့သော ကိုယ်ရည်ကိုယ်သွေးများအပေါ် တည်မီနေပါသည်။
တိုးတက်ကောင်းမွန်သော လူ့အဖွဲ့အစည်း တစ်ရပ် ထူထောင်ရန်ဆိုပါက ပါဝင်နေသူတစ်ဦး တစ်ယောက်ချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး ပြုစု ပျိုးထောင်ရေး၊ မြှင့်တင်ရေးနှင့် အသုံးချရေးမှာ အခြေခံလိုအပ်ချက်ဟု ဆိုရပါမည်။



