သတင်းတု သတင်းမှားများကို သိရှိနိုင်သည့် နည်းလမ်းများ
UAC
၂၁ ရာစုနှစ်တွင် ဒစ်ဂျစ်တယ်နည်းပညာများ အလွန် အမင်း တဟုန်ထိုး တိုးတက်ပြောင်းလဲလာသည်နှင့် အညီ လူနေမှုပုံစံမှာလည်း သိသိသာသာပြောင်းလဲ သွားကြသည်။ လူအများသည် နံနက်မိုးလင်းသည် မှ အိပ်ရာ၀င် မျက်လုံးမှိတ်သည်အထိ လူမူကွန်ရက် ဆိုသည့် ဖေ့စ်ဘွတ်ကြည့်ခြင်းဖြင့် အချိန်ကုန်နေ ကြသည်။ ဖေ့စ်ဘွတ်တွင် သတင်းဖတ်ခြင်းနှင့် သတင်းဖလှယ်ခြင်းအပြင် တစ်နေ့တာအဖြစ် အပျက်၊ စိတ်ခံစားမှု၊ သာရေးနာရေး၊ မိသားစုအရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်ဖြင့် တစ်နေ့တာ ဖြစ်ပျက်နေသည့် ဖြစ်စဉ်များကို အလွယ်တကူ ပွင့်ပွင့်လင်းလင်းမျှဝေ (ရှဲယ်) နေကြ သည်။



