မြောက်ဖျားစွန်းအရပ်၏ အိပ်မက်များကိုနိုးထစေသော ဖွံ့ဖြိုးရေးတံတိုင်းများ (၁)
ဝ ထ က လ သ (နတလ)
မြန်မာနိုင်ငံ၏ မြောက်ဖျားစွန်းအရပ်၌ အရှေ့တောင် အာရှ၏ အမြင့်မားဆုံးတောင်ဖြစ်သော “ခါကာ ဘိုရာဇီတောင်” တည်ရှိ၏။ အမြင့် ၅၈၈၁ မီတာ (၁၉၂၉၆ ပေ) မြင့်မားပါသည်။
ထူထပ်သောမိုးသစ်တောများ၊ မတ်စောက်သော တောင်တန်းများ၊ နက်ရှိုင်းသည့် တောင်ကြား ချိုင့်ဝှမ်းများ လွှမ်းခြုံလျက်ရှိကြပြီး မိုးထိလုမတတ် မြင့်မားနေသော တောင်ချွန်းများ၌ ဆီးနှင်းတို့ဖြင့် အစဉ်ဖုံးလွှမ်းနေသော အရပ်လည်းဖြစ်ပေသည်။ တစ်ဖန်မြန်မာနိုင်ငံ၏ တစ်နေရာတည်းသော ရေခဲတောင်ဒေသလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ငယ်ထိပ်ကျေးရွာ



