မနောမြေမှ ကချင်သွေးချင်းတို့အတွက် ဖောက်လုပ်တည်ဆောက်ပေးခဲ့သည့် လမ်းတံတားများ
ချမ်းမြေ့မောင်
========
၁၉၁၂ ခုနှစ်တွင် ဗြိတိသျှတို့သည် ယခုပူတာအို ဖြစ်သော ခန္တီးလုံဒေသကို သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဗြိတိသျှအရေးပိုင် ဆင်မြူရယ်က လုပ်ခွန်စော်ဘွားမြို့ဖြစ်သော ပူတာအိုမြို့ကို အခြေပြု၍ ပူတာအိုစီရင်စုအဖြစ် သတ်မှတ်ဖွဲ့စည်း ခဲ့သည်။ ၄-၁-၁၉၄၈ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီး ၁၉၄၇ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ (၆)အရ ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်တို့ကို ပေါင်းစပ်၍ ကချင်ပြည်နယ်အဖြစ် ၁၀-၁-၁၉၄၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ထိုနေ့ကို ကချင်ပြည်နယ် နေ့အဖြစ် သတ်မှတ်ခေါ်တွင်ခဲ့သည်။



