မြန်မာစကားပြေပါရဂူ ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)
စကားပြေသည် လူမျိုး၏အသက်၊ လူမျိုး၏ အားထားရာ၊ လူမျိုး၏ တန်ဆောင်ဆီမီး ဖြစ်သည် ကို မပြတ်သတိရသင့်ပေသည်ဟု မြန်မာစာဆိုကြီး တစ်ဦးဖြစ်သည့် ဆရာမင်းသုဝဏ်က ဆိုထားသည်။ ယနေ့ခေတ် မြန်မာစကားပြေကို လေ့လာသူတိုင်း ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏ စကားပြေ သဘောတရားဆိုင်ရာ တင်ပြချက်၊ ဖော်ပြချက် များကို လေ့လာမိမည်မှာ မလွဲဧကန်ဖြစ်သည်။ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)သည် ဘာသာဗေဒ ရှုထောင့်ကနေ၍ မြန်မာဘာသာစကား၏ မတူ ကွဲပြားသော အသံအတက်အကျနှင့် ဖိသံဖော့သံ၊ စကားလုံးနှင့် စကားစုတို့၏ ပေါင်းစပ်ဖွဲ့စည်းမှုတို့ကို သုတေသနပြုနေသော မြန်မာစာပေပညာရှင်တစ်ဦး ဖြစ်သည်။ ဆရာကြီး၏ ရေးသားတင်ပြချက်များ သည် စာဖတ်သူများအတွက် မြန်မာဘာသာစကား ကို



