လူမှုရေး

တိုးမြှင့်ဆန်းသစ် အထည်ခေတ်

မောင်ဂါးတက်စ်

မြန်မာနိုင်ငံ၏ ၂၀၂၁ ခုနှစ် လူဦးရေမှာ  ၅၄ ဒသမ ၈ သန်းကျော်ရှိပြီး ကလေးဦးရေမှာ  ၁၃ ဒသမ ၈ သန်းခန့်နှင့် လူငယ်/လူကြီးဦးရေမှာ ၄၁ သန်း ကျော်ရှိပါသည်။ စားဝတ်နေရေးတွင် ယဉ်ကျေးမှု ထွန်းကားလာမှုအရ အဝတ်အစားဝတ်ဆင်မှုမှာ အဓိကအခန်းကဏ္ဍမှ    ပါဝင်လျက်ရှိပါသည်။ သာမန်လူတစ်ယောက်အတွက်  အဝတ်အစား လိုအပ်ချက်မှာ တစ်နှစ်လျှင် ကလေးအတွက် ပိတ် ၁၄ ကိုက်ကျော်၊ လူငယ်/လူကြီးအတွက် ၃၂ ကိုက် ကျော်လိုအပ်၍  တစ်နိုင်ငံလုံးအတွက် တစ်နှစ်လျှင် ပိတ်ကိုက် ၁၅၃၇ သန်း လိုအပ်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည်    လယ်ယာစိုက်ပျိုးရေး

ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်သတိပြု

မိုးရာသီသို့ရောက်ခဲ့ပြီမို့ မြစ်ရေကြီးမှု၊ မြစ်ရေလျှံမှု အန္တရာယ်များနှင့်        ကြုံဆုံကြရပြီဖြစ်သည်။ သဘာဝဘေးအန္တရာယ်များတွင်    မြစ်ရေကြီးခြင်း အန္တရာယ်သည် မြန်မာနိုင်ငံ၌ မကြာခဏဆိုသလို အနည်းနှင့်အများ        ကြုံတွေ့ရစမြဲဖြစ်ပါသည်။ ရေကြီးရာသီကို နယုန်လမှ သီတင်းကျွတ်လအထိ သတ်မှတ်ရမည်ဖြစ်သည်။

ထိန်းသိမ်းလို့ထား မြန်မာ့ဝါး

 

ကိုကျော်စွာ(ကျိုက်ပိ)

ဝါးသည် မြန်မာလူမျိုးတို့အတွက် အသုံးပြုမှုအများဆုံးဖြစ်ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဝါးပေါက်ရောက်မှု တတိယအများဆုံးဟု သိရသည်။ ဝါးကို မြန်မာ့လူနေမှုစနစ်တွင် ပုံစံအမျိုးမျိုးဖြင့် အသုံးပြုလျက်ရှိပါသည်။ လူနေအိမ်များဆောက်လုပ်ရာတွင် ဝါးကို အသုံးပြုကြသည်။ အခြားသော လူ့အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရာတွင်လည်း သုံးလေ့ရှိပါသည်။ အချို့သော မြန်မာ့လက်မှုပစ္စည်းများသည်လည်း ဝါးကိုအခြေခံ၍ ပြုလုပ်ကြပါသည်။ ဥပမာ-မြန်မာ့ယွန်းထည်ပစ္စည်းများပင် ဖြစ်သည်။

နောက်ကို ပြန်ကြည့် ရှေ့သို့မျှော်ကြည့်

ထွန်းထွန်း(ခရေရိပ်)

==============

 

နည်းပညာနှင့်တီထွင်ဆန်းသစ်မှုများနောက်ကို အမီလိုက်ရင်း ဗုဒ္ဓဝင်၊ ဇာတ်နိပါတ်တော်၊   ရာဇဝင်များက စာရေးသူရဲ့ စိတ်အစဉ်တွင် တဖြည်းဖြည်းမှေးမှိန်လာသည့်အတွက် ဗုဒ္ဓမြတ်စွာ၏ ပါရမီတော် များကို ပြန်လည်ကြားသိလာပြီး ပိုမိုကြည်ညိုသဒ္ဓါပွားနိုင်စေရန် Channel me ရုပ်သံလိုင်းက ည ၇ နာရီတွင် ထုတ်လွှင့်ပြသနေသည့် ဗုဒ္ဓဇာတ်လမ်းတွဲကို ညစဉ်မလွတ်တမ်း စောင့်မျှော်ကြည့်ရှုမိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ပွင့်တော်မူခဲ့သော ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓဖြစ်တော်စဉ် ဇာတ်လမ်းတွဲလေးဖြစ်သည်။ 

Subscribe to လူမှုရေး