ရှုလော့. . စဉ်းစားလော့. . သင်ယူလော့. . အားကုန်ထုတ်၍ အလုပ်လုပ်ကြလော့
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
n ကိုယ့်နိုင်ငံရဲ့သမိုင်းကြောင်းကို နိုင်ငံတကာနဲ့ယှဉ်ထိုးကြည့်၊ မျက်မှောက်ခေတ်မှာ အစစအရာရာ ဖြစ်ပေါ်ပြောင်းလဲမှုတွေကို ရှုကြည့်ကြလော့။
n နိုင်ငံတိုင်းဟာ ကိုယ့်သမိုင်းကြောင်းတွေအရ အကောင်းဆုံး၊ အမှန်ကန်ဆုံးလို့ခံယူပြီး နိုင်ငံရေး၊ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်ခဲ့ကြတာတွေကို ရှုမြင်သုံးသပ်ကြလော့။



