လူမှုရေး

လူမှုဘဝနှင့်လုပ်ငန်းအောင်မြင်ရေးအတွက် စစ်ဆေးမှုလိုအပ်ခြင်း

 

ငြိမ်းချမ်းမေ

လုပ်ငန်းအဖွဲ့အစည်းအသီးသီးတို့သည် မိမိတို့၏ ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်စေရေးအတွက် အဖွဲ့အစည်းအမျိုးမျိုးတို့ကို စည်းရုံးဖွဲ့စည်း ထားကြပါသည်။ မည်သည့်အလုပ်ရှိ မည်သည့်အချက်ကို စီမံခန့်ခွဲသည်ဖြစ်စေ စနစ်တကျ စီမံခန့်ခွဲရာ၌ အစီအစဉ်များပြုလုပ်ခြင်း၊ စည်းရုံးဖွဲ့စည်းခြင်း၊ လက်တွေ့စစ်ဆေးဆောင်ရွက်ခြင်းနှင့် ထိန်းသိမ်းကွပ်ကဲခြင်းတို့ ရှိကြပါသည်။ မည်သည့်လုပ်ငန်းအဖွဲ့အစည်းတွင်ရှိသည့် အကြီးအကဲမဆို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများကို ဦးစွာဆောင်ရွက်ထားရန် လိုအပ်ပါသည်။

 

အခွင့်ကောင်းကို သိမြင်နိုင်ပါစေ

 

မင်းခေါင်
 

 

မြန်မာ့နိုင်ငံရေးအပြောင်းအလဲ တစ်စုံတစ်ခုကြုံတိုင်း ကျောင်းသား၊ လူငယ်များနှင့် နိုင်ငံ့ဝန်ထမ်းများသည် ရိုက်ခတ်မှုများနှင့်   ဦးစွာကြုံတွေ့ရလေ့ရှိသည်။ မရိုက်ခတ်လျှင်လည်း ရိုက်ခတ်လာအောင် နိုင်ငံရေးသမားဟုဆိုသူများက ဆော်ဩကြသည်။ မခံချင်အောင် သွေးထိုးလှုံ့ဆော်တတ်ကြသည်။

 

ရင်သွေးငယ်များ ယဉ်ကျေးလိမ္မာစေဖို့ လက်ဆင့်ကမ်း သွန်သင်ဆုံးမပေးကြစို့ ...

 

ခင်သန်းမြင့်
 

 “လူကြီးတွေရှေ့ကသွားရင် ခေါင်းငုံ့သွား”
“ပစ္စည်းပေးရင် လက်နှစ်ဖက်နဲ့ ရိုရိုသေသေ ပေး”

ကော်ဖီမြို့တော် ပြင်ဦးလွင်ဖြစ်စေရန် အထောက်အပံ့ပြုမည့် ပြင်ဦးလွင် ကော်ဖီဥယျာဉ် ပွေးတောင်

 

ရွှေယွန်း

 

နေ့စဉ်လူမှုဘဝ၌  ရုန်းကန်လှုပ်ရှားမှုအကြား မောပန်းလာသည့်အခါ အေးချမ်းသာယာသည့် နေရာများတွင် အပန်းဖြေအနားယူလိုကြသည်။ အေးချမ်းမှုဖြင့် အနားယူရင်း  ခါးဆိမ့်သော ကော်ဖီတစ်ခွက်သောက်ရင်း ပင်ပန်းမှုကို ဖြေလျှော့လိုကြသည်။  ထိုကဲ့သို့  ခရီးသွားရင်း ကော်ဖီရနံ့ဖြင့် အပန်းဖြေနိုင်ရန်အတွက် ခရီးသွားမြို့တော် ပြင်ဦးလွင်ကို ကော်ဖီမြို့တော်ပါ ဖြစ်လာစေရန် ရည်ရွယ်ပြီး စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်နေပြီဖြစ်သည်။ 

 

ခရီးသွားမြို့တော်အဖြစ်ထင်ရှား

ခရီးသွားများအတွက် အပန်းဖြေစရာ ပင်လယ်ပြင်အငွေ့အသက်များဖြင့် လှိုင်းဘုန်းကျေးရွာကြီး

 

မော်ကျွန်း-မြင့်အောင်

 

ဧရာဝတီတိုင်းဒေသကြီးအောက်ဘက် ပင်လယ်ပြင် နှင့် ထိစပ်နေသော မြို့နယ်များဖြစ်သည့် မော်လမြိုင် ကျွန်းမြို့နယ်၊ လပွတ္တာမြို့နယ်၊ ဘိုကလေးမြို့နယ် နှင့် ဖျာပုံမြို့နယ်တို့အနက် မော်လမြိုင်ကျွန်းမြို့နယ် သည် ရေချို၊ ရေငန် ထိစပ်နေသော မြို့နယ်ဖြစ်သည်။ မော်လမြိုင်ကျွန်းမြို့နယ်အောက်ဘက် ပင်လယ်ပြင် နှင့် ထိစပ်နေသောနေရာတွင် လှိုင်းဘုန်းကျေးရွာကြီး ရှိသည်။ 
လှိုင်းဘုန်းကျေးရွာကြီးသည် ပင်လယ်ပြင်နှင့် ထိစပ်နေ၍ ပင်လယ်ပြင်၏  အလှအပ တစ်စိတ် တစ်ပိုင်းကို  တွေ့ရသည်။

 

လူ နဲ့ ပိုး

 

သမားအို

 

“လူတွင်ပါလို့    နွားကျားကိုက်ခံရတာ”   ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားဟာ ကိုဗစ်-၁၉ ကပ်ရောဂါ က  ပေးထားတဲ့သင်ခန်းစာနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။ 

 


၂၀၂၀ နှစ်ဆန်း ကိုဗစ်-၁၉ ရောဂါသတင်းတွေ ကြားခါစက တွေးရိုးတွေးစဉ်တွေးကြတဲ့ ဆရာဝန် တွေရဲ့ပါးစပ်က  နှစ်ပတ်ပဲသည်းခံရင်    ရောဂါ ပြဿနာကျသွားမယ်လို့ ပြောခဲ့ကြပါတယ်။ ရောဂါ ခြေချုပ်လုပ်ဖို့ အိမ်တွေမှာပဲနေဖို့ဆိုတဲ့ ကိစ္စတွေကို သည်းခံနိုင်အောင်   အားပေးရင်း  အားပေးရင်းနဲ့ နေ တော့      ကမ္ဘာကြီးတစ်ခုလုံး     နှစ်နှစ်ကျော်ကြာ ခြေချုပ်ကျနေတဲ့ဒဏ်ကို  မခံနိုင်တော့ဘဲ လှုပ်လှုပ် ရွရွဖြစ်လာကြပါတယ်။ 

ပဲခူးမြို့ရှောင်လမ်းများနှင့်အတူ တိုးတက်လာမည့် ဒေသစီးပွား

 

 ဗညားဦး
 

နိုင်ငံအတွင်း အထက်အောက်  စုန်ဆန် ကုန်စည် ကူးသန်းရေးအတွက် မြို့တွင်းသို့ ကားကြီး၊ ကားငယ် အသွယ်သွယ်ဖြတ်သန်းစီးဝင်ရင်း  ပဲခူးမြို့သည် လှုပ်ရှားသက်ဝင်နေသည်။ ထိုသို့   ပဲခူးမြို့တွင်းသို့ နေ့စဉ် ခန့်မှန်းယာဉ်အစီးရေ  တစ်သောင်းကျော် ဖြတ်သန်းနေပြီး  အများအားဖြင့် ကုန်စည်သယ်ယူ ပို့ဆောင်သည့်   ကားကြီးများဖြစ်သည့်အတွက် ယာဉ်ကြောကျပ်တည်းမှုနှင့်အတူ ယာဉ်အန္တရာယ်  လမ်းအန္တရာယ် မကြာခဏဖြစ်ပေါ်လေ့ရှိသည်။

 

အတိတ်က သမဝါယမ၊ ယနေ့ သမဝါယမနှင့် သမ/ကျေးလက် ဝန်ကြီးဌာန

 

အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြုဆောင်းပါး

 

မြင့်စိုး(နတလ)
 

 

ကျွန်တော်နှင့် လလသသ


ငယ်ငယ်တုန်းက “လလသသ” လို့ခေါ်တဲ့ လယ်ယာ နှင့်  လုပ်ငန်းပေါင်းစုံ သမဝါယမအသင်းဆိုင်မှာ စာအုပ်သွားထပ်ရတာ အမှတ်ရမိပါတယ်။ ထရံကာ၊ သွပ်မိုး၊ သုံးပင်နှစ်ခန်းဆိုင်လေးမှာ ဘကြီးအုန်းရွှေ က ဆိုင်တာဝန်ခံ၊ ကဲလားတံခါးလေးနားမှာ သူထိုင် တယ်။ စာအုပ်တွေကို သူ့ရှေ့က စားပွဲပေါ်မှာ ထပ်ရ တယ်။ ပျင်းရင် ဝါးကြမ်းခင်းထားတဲ့ သူတို့ဆိုင်ထဲ ကို ဝင်ကြည့်တဲ့အခါ ကြည့်ပေါ့။ ပစ္စည်းတွေထားတဲ့ အခန်းလေးထဲမှာ ဆားအိတ်တွေ၊ သကြားအိတ်တွေ ကြောင့်   အစိုပျံနေတတ်ပါတယ်။

 

ငါးရစ်/ငါးသန်ကာလ ငါးသယံဇာတထိန်းသိမ်းရေး ပူးပေါင်းပါဝင်ကူညီပေး

 

ပင်လယ်ပြာ(ငါးဦးစီး)
 

ငါးရစ်/ငါးသန်ကာလဖြစ်သည့် မိုးဖြိုင်ဖြိုင်ရွာသော မေလနှောင်းပိုင်းနှင့် ဇွန်၊ဇူလိုင်လများတွင် မြစ်၊ချောင်း၊ အင်းအိုင်အနှံ့အပြား၌ ဥများဖြင့်ပြည့်နေသော ငါးမကြီးများနှင့် မျိုးရည်ပြည့်ဝနေသော ငါးထီးကြီးများသည် ဥချရန်နေရာရှာ၍ ငါးရစ်တက်လေ့ရှိကြသည်။

 

Subscribe to လူမှုရေး