ကော့သောင်းခရိုင်အတွင်းက ထူးခြားလှပသည့် ပင်လယ်ကျွန်းများဆီသို့
ကျော်စိုး(ကော့သောင်း)
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကော့သောင်းဒေသသည် သဘာဝပထဝီအနေအထားအရ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်း၊ နူးညံ့သည့် သဲဖြူကမ်းစပ်များရှိသည့် ကျွန်းများ၊ အမျိုးစုံလင်လှသော သဘာဝပေါက်ပင်များ၊ ဒီရေတောများ၊ ကုန်းနေရေနေသတ္တဝါများ၊ ငှက်မျိုးစိတ်များ၊ ပင်လယ်ရေအောက် သန္တာကျောက်တန်းများ ပေါကြွယ်ဝသဖြင့် ထူးခြားသောသဘာဝအရင်းအမြစ်များ ပိုင်ဆိုင်ထားသည်။



