(၉)ကြိမ်မြောက် မော်စကိုအပြည်ပြည်ဆိုင်ရာ လုံခြုံရေးညီလာခံ (MCIS) ၏ သတင်းထုတ်ပြန်ချက်
ရုရှားနိုင်ငံ မော်စကိုမြို့၌ ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်ကျင်းပသော (၉) ကြိမ်မြောက် မော်စကိုအပြည်ပြည်ဆိုင်ရာလုံခြုံရေးညီလာခံ၏ အဓိကခေါင်းစဉ်မှာ တစ်ကမ္ဘာလုံးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်း ရေး ပြဿနာများကို ရည်ညွှန်းပါသည်။
အဆိုပါညီလာခံသို့ ကာကွယ်ရေးဝန်ကြီးများ၊ တပ်မတော် ကိုယ်စားလှယ်အဖွဲ့များ၊ ပြည်ပနိုင်ငံများမှ ကျွမ်းကျင်ပညာရှင် ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သော CIS၊ CSTO၊ UN၊ OSCE၊ ICRC၊ LAS တို့မှခေါင်းဆောင်များ အပါအဝင် လူအင်အား ၆၀၀ ကျော် တက်ရောက်ပါသည်။