စည်းလုံးခြင်းသည်အင်အား ပြည်ထောင်စု၏ စွမ်းပကား
ကမ္ဘာပေါ်တွင် လူမျိုးတစ်မျိုးမက အများအပြားစုပေါင်း နေထိုင် ကြသော နိုင်ငံများစွာရှိသည်။ နိုင်ငံ၏ဖွဲ့စည်းတည်ဆောက် ပုံအရ တစ်ပြည်ထောင်စနစ်ကျင့်သုံးသည့် နိုင်ငံများရှိသလို ပြည်ထောင်စုစနစ်ကျင့်သုံးကြသည့် နိုင်ငံများလည်း ရှိကြသည်။ ပြည်ထောင်စုစနစ်ကျင့်သုံးကြရာတွင် ပြည်ထောင်စုအစိုးရ (ဝါ) ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အကြား အခြေခံဥပဒေဖြင့် အာဏာပိုင်းခြားခွဲဝေသတ်မှတ်ပေးထားခြင်း ဖြစ်သည်။