ထာဝရငြိမ်းချမ်းပါစေ ဇွဲကပင်မြေ

Type

စာချစ်သူ

====

 

သာစွဌာနေ   ဇွဲကပင်မြေသို့   လွန်ခဲ့သည့်ဆယ်စုနှစ်ကျော်ကာလက   လုပ်ငန်းတာဝန်ဖြင့်  ကျွန်တော် အကြိမ်ကြိမ်ရောက်ခဲ့သည်။  တိတိကျကျဆိုလျှင် ၁၉၉၃  ခုနှစ်   ဇန်နဝါရီလထဲတွင်   KNU   မှ  ဗိုလ်ချုပ်မြနှင့်  ဦးထိန်မောင်တို့က  ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း  ထိုင်းတပ်မတော်မှတစ်ဆင့်  ကမ်းလှမ်းခဲ့ရာမှအစပြု၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရနှင့် KNU  တို့အကြား ၁၉၉၄-၁၉၉၅၊  ၂၀၀၃-၂၀၀၄  ခုနှစ်တို့တွင်  ငြိမ်းချမ်းရေးအတွက် ကြိမ်ဖန်များစွာတွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဇွဲကပင်မြေတစ်ဝန်း သေနတ်သံ၊ အမြောက်သံများ တိတ်ဆိတ်ငြိမ်သက်သွားပြီး ဖားစည်သံတညံညံ ထွက်ပေါ်လာသည့် ၂၀၀၄ ခုနှစ်နောက်ပိုင်းအချိန်ကာလများဖြစ်သည်။

 

ထိုသို့ကရင်ပြည်နယ်ကြီး  အေးချမ်းတည်ငြိမ် သာယာလာသည်နှင့်အမျှ       ကျွန်တော်သည် ဘားအံ   ကော့ကရိတ်   မြဝတီ၊   ရွှေဂွန်း၊ လှိုင်းဘွဲ၊ မြိုင်ကြီးငူ၊  ထို့ကော်ကိုးပါမကျန်  သွားပါများခရီး ရောက်ခဲ့သည်။   ငြိမ်းချမ်းရေးနှင့်အတူ  ဟန်ချက် ညီစွာ   ဖြစ်ထွန်းပေါ်ပေါက်လာခဲ့သော   ဖွံ့ဖြိုးရေး လုပ်ငန်းများစွာကိုလည်း လေ့လာခွင့်ရခဲ့သည်။


ပြည်နယ်၏ ရွှေဖြူ


ကရင်ပြည်နယ်သည် ရေခံမြေခံကောင်းသော ပြည်နယ်တစ်ခုဖြစ်၍ စိုက်ပျိုးရေး အလွန်ဖြစ်ထွန်း သည်။  ရှုမောမဆုံးမြင်တွေ့ရလေ့ရှိသည့် ရော်ဘာ စိုက်ခင်းများသည်   ပြည်နယ်၏   ရွှေဖြူဖြစ်သည်။ ၁၉၈၈ ခုနှစ်က ပြည်နယ်အတွင်း ရော်ဘာစိုက်ဧက   ၈၀၀၀   ကျော်မျှသာရှိခဲ့သော်လည်း ငြိမ်းချမ်းရေး ရယူပြီးနောက်တွင်  ထိုစဉ်က  နိုင်ငံတော်အစိုးရက မြေလွတ်မြေရိုင်း ပေါကြွယ်ဝသည့် ကရင်ပြည်နယ် အတွင်း ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီမှုရှိသည့်  စက်မှုကုန်ကြမ်းသီးနှံရော်ဘာကို ပိုမိုတိုးချဲ့စိုက်ပျိုး နိုင်ရန်  ပံ့ပိုးပေးခဲ့ရာ  ဧကပေါင်း တစ်သိန်းခွဲနီးပါး အထိ တိုးတက်စိုက်ပျိုးနိုင်ခဲ့သည်ကို အမှတ်ရမိ သည်။
 ထို့အတူ  လယ်မြေဧက  ၅၀၀၀  ကျော်ကို အကျိုးပြုနိုင်သည့်     ရေဘုတ်     ရေလှောင်တမံ အပါအဝင်   ဆည်တမံနှစ်ခု၊    မြစ်ရေတင်လုပ်ငန်း ခြောက်ခု၊ ရေနုတ်မြောင်းများ၊ နုန်းသွင်းမြောင်း များကို တူးဖော်တည်ဆောက်ပေးခဲ့၍ ကရင်ပြည် နယ်၏    သီးနှံစိုက်စွမ်းအားမှာ  များစွာတိုးတက် လာခဲ့သည်။
သံလွင်မြစ်မင်း၏  လက်ဆောင်မွန်  မြေဆီ ဩဇာကောင်းမွန်သော        နုန်းတင်မြေနုတို့ကို  စိုက်ပျိုးရေးအတွက်  အကျိုးရှိစွာအသုံးချနိုင်ရန် နုန်းသွင်းမြောင်းများကို တူးဖော်တည်ဆောက်ပေး ခဲ့ရာ  လှိုင်းဘွဲ၊  ရွှေဂွန်းမြို့တို့တွင် မြေပဲတစ်ဧကလျှင် တင်းရာကျော်ထွက်ရှိသည်အထိ        တိုးတက် အောင်မြင်ခဲ့သည်။ ရွှေဂွန်းမြို့ရှိ တောင်သူတစ်ဦး၏  မြေပဲစိုက်ခင်းတစ်ခုဆိုပါက တစ်ဧကလျှင် ၁၅၆ တင်း  စံချိန်တင်ထွက်ရှိခဲ့ဖူးသည်။   ထိုခေတ်က လှိုင်းဘွဲ၊   ရွှေဂွန်းမြို့တို့သည် ကမ္ဘာ့စားနပ်ရိက္ခာ (FAO) ဆုပင် ဆွတ်ခူးရရှိခဲ့ပေသည်။


မွေးမြူရေးလုပ်ငန်းအနေဖြင့်မူ     တစ်ပိုင် တစ်နိုင်မွေးမြူရေးသာမက စီးပွားဖြစ်မွေးမြူနိုင် ရေးအတွက်လည်း  ဘားအံမြို့တွင် မွေးမြူရေးဇုန် တစ်ခု တည်ထောင်ပေးခဲ့သည်။ ဒေသခံမွေးမြူရေး လုပ်ငန်းရှင်တစ်ဦးဆိုပါလျှင် မွေးမြူရေးခြံအတွင်း ဥစားကြက်ကောင်ရေ ၇၀၀၀ ကို စီးပွားဖြစ်မွေးမြူ ထားသည်ကိုတွေ့ခဲ့ရသည်။   စတင်မွေးမြူစဉ်ကမူ ကောင်ရေ ၅၀၀ မျှဖြင့်သာ။


ဆိုရလျှင် ကရင်ပြည်နယ်သည် အပစ်အခတ် ရပ်စဲ၍ ငြိမ်းချမ်းရေးရယူပြီးနောက်တွင် ပြည်နယ် ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေး စသဖြင့်ယခင်နှင့်မတူ ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်လာသည်။ ဤသမိုင်းပုံရိပ်များက အမှန် တကယ်ဖြစ်တည်ခဲ့သည်။  မည်သူမျှငြင်းနိုင်လိမ့် မည်မဟုတ်ပါ။
အကြီးမားဆုံး     ဆုလာဘ်ကတော့     ဒေသခံ တိုင်းရင်းသားပြည်သူများ စစ်ဘေးရန် ကင်းဝေးခဲ့၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို မပူမပင်၊ မကြောင့်မကြ  လုပ်ကိုင်နိုင်ခဲ့ကြသည်။   စစ်မက်  ထူပြောပြီး      စစ်ဘောင်ကျယ်ပြန့်ချိန်ကာလက  တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်းများတွင် သွားရောက် ခိုလှုံခဲ့ကြရသည့်  ဒေသခံတိုင်းရင်းသားများသည်  ကိုယ့်ရပ်ကိုယ်ရွာတွင်  ဘဝကို အေးချမ်းပျော်ရွှင်စွာ  တည်ဆောက်လာနိုင်ခဲ့သည်။
ဒေသခံပြည်သူများမဆိုထားဘိ ကျွန်တော်တို့ သည်ပင်လျှင် မြိုင်ကြီးငူ၊ ထို့ကော်ကိုး၊ မြဝတီမြို့နှင့်  ရွှေကုက္ကိုကျေးရွာ၊ မေတ္တာလင်းမြိုင်ကျေးရွာတို့သို့  အချိန်ကာလမရွေး၊ အိမ်ဦးနှင့်ကြမ်းပြင်ပမာ ကူးလူး ယှက်နွှယ်သွားလာနိုင်ခဲ့ကြသည်။


ကားလမ်းများ ဖောက်လုပ်


ထို့ကော်ကိုးတွင်     ဖထီးဗိုလ်ချုပ်ထိန်မောင် နေထိုင်သည်။    ဖထီးဗိုလ်ချုပ်ထိန်မောင်တို့အဖွဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လျှင်ဝင်ရောက်ချင်း မှာပင် နိုင်ငံတော်က နေအိမ်အဆောက်အအုံများ၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်း၊ ဝင်းသူဇာ အရောင်းဆိုင်များ၊ စိုက်ပျိုးရေးအတွက် ပတချောင်း ကိုပြန်လည်ဆယ်ယူ၍    ပတဆည်၊      နဘူးဆည် တို့ကို  ဆောက်လုပ်ပေးခဲ့သည်။ လမ်းပန်းဆက်သွယ် ရေးအတွက်       ကားလမ်းများ      ဖောက်လုပ်ပေး ခဲ့သည်။ 
တစ်ချိန်က KNU တပ်မဟာတွင် နာမည်ကြီး တိုက်ခိုက်ရေးသမားကြီး    တစ်ဦးဖြစ်သူ     ဖထီး ဗိုလ်ချုပ်ထိန်မောင်သည်  “Old  soldier  never fight”   ဟူသည့်နှယ်   စစ်သားအိုကြီးများသည် စစ်၏အနိဋ္ဌာရုံများကို နဖူးတွေ့ဒူးတွေ့ တွေ့မြင်ခဲ့ ရ၍   စစ်ကိုမတိုက်ချင်တော့ပြီ။   အသက်အရွယ် ကလည်းရလာတော့ ဘာသာတရား အဆုံးအမတို့ ဖြင့်သာ ပျော်မွေ့ခဲ့လေပြီ။ ကျွန်တော်တို့ရောက်ရှိ စဉ်က ဖထီးဗိုလ်ချုပ်ထိန်မောင်ကို ရောက်ရောက် ချင်း       အိမ်မှာမတွေ့ရ။      “ဘုရားကျောင်းတက် နေသည်”ဟု မိသားစုကဆို၍ ထိုင်စောင့်ခဲ့ရသေး သည်။   ယခုတော့  ဖထီးဗိုလ်ချုပ်ထိန်မောင်သည် လည်း ကွယ်လွန်သွားခဲ့ရှာပြီ။
ဘားအံမြို့အနီး     ဘုရားကုန်း   ငြိမ်းချမ်းရေး ဒေသတွင်    အခြေချနေထိုင်ပါသော      တစ်ချိန်က KNU   ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ  ဖထီး   ပဒိုအောင်ဆန်းကမူ     ပျော်တတ်သည်။      စတတ် နောက်တတ်သည်။ စကားကြွယ်သည်။ ခရစ္စမတ် အတွက် မွေးမြူထားသည့် ကြက်ဆင်များအပါအဝင်  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို      ဇောက်ချ လုပ်ကိုင်လျက်ရှိသည်။


“မြန်မာနိုင်ငံဟာ တကယ်အေးချမ်းသာယာတဲ့ တိုင်းပြည်ပါ။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ  စည်းကမ်းပြည့်ဝတဲ့   ဒီမိုကရေစီနိုင်ငံတော် ကြီး       ပေါ်ပေါက်လာတော့မှာ    ဖြစ်တဲ့အတွက်  ဖထီးစိတ်ထဲမှာ အခုကတည်းက ပီတိဖြစ်နေပြီ။ အခုဆို ဖထီးငြိမ်းချမ်းမှုရဲ့အေးမြတဲ့အရသာကို ပိုပြီး ခံစားရပါတယ်။   အရင်  တောတွင်းလက်နက်ကိုင် ဘဝကဆိုရင် အမြဲပူနေရတာ။ အခုမြင်တွေ့နေရတဲ့  ဒေသဖွံ့ဖြိုးတိုးတက်မှုတွေဟာ     ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေပါပဲ”ဟု လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က  ဖထီးပြောခဲ့ဖူးသည့်        စကားသံများကို       ယခု ကျွန်တော် ပြန်လည်ကြားယောင်လာမိသည်။


ကရင်ပြည်နယ်၏  ငြိမ်းချမ်းရေးခြေလှမ်းများ သည်     ရပ်တန့်၍မနေခဲ့ပါ။    ရှေ့သို့တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက်တက်လှမ်းနေပါသည်။
 ငြိမ်းချမ်းရေးကမ်းလှမ်းသည့် ထုတ်ပြန်ချက်


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ  ရွေးကောက်ခံအစိုးရဖြစ်လာသည့်        သမ္မတ ဦးသိန်းစိန်အစိုးရသည်  ၂၀၁၁  ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင်    “ငြိမ်းချမ်းရေး    ကမ်းလှမ်းသည့် ထုတ်ပြန်ချက်”  ကို  အောက်ပါအတိုင်း  ထုတ်ပြန် ကြေညာခဲ့သည် - 
“နိုင်ငံတော်အစိုးရသည်        ဒို့တာဝန်အရေး (၃) ပါးကို ထိန်းသိမ်းပြီး အေးချမ်းသာယာ ဖွံ့ဖြိုး တိုးတက်သော    နိုင်ငံတော်ကို    တည်ဆောက်ရန် အတွက်   နိုင်ငံအတွင်းရှိ  လက်နက်ကိုင်ပဋိပက္ခ    များ   ချုပ်ငြိမ်းပြီး       ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ကာ နေရာဒေသအနှံ့  ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို နိုင်ငံတော်နှင့် ပြည်သူတစ်ရပ် လုံး    ပူးပေါင်းတည်ဆောက်သွားရန်   အထူးပင် လိုအပ်သည်ဟု ယုံကြည်ပါသည်။ လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင် လိုသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များသည်   မိမိတို့တစ်ဖွဲ့ချင်းအလိုက်   ပထမအဆင့် အနေဖြင့်    ပဏာမဆောင်ရွက်ရန်    လိုအပ်သော  လုပ်ငန်းစဉ်များကို    ဆောင်ရွက်နိုင်ရန်အတွက်    သက်ဆိုင်ရာ    ပြည်နယ်နှင့်    တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။      

  ပဏာမဆောင်ရွက်ဖွယ်ရာများ ဆောင်ရွက်ပြီးပါက နိုင်ငံတော်အစိုးရဘက်မှ ဆွေးနွေးမည့်အဖွဲ့အစည်း  ဖွဲ့စည်းပြီး သက်ဆိုင်ရာငြိမ်းချမ်းရေးဖော်ဆောင် မည့်      အဖွဲ့အစည်းနှင့်ဆွေးနွေးရေးလုပ်ငန်းစဉ် များကို     ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။”
သမ္မတဦးသိန်းစိန်အစိုးရသည်  ငြိမ်းချမ်းရေး မရှိဘဲ   ဒီမိုကရေစီစနစ်     မထွန်းကားနိုင်သလို ငြိမ်းချမ်းရေးမရှိဘဲ      ဖွံ့ဖြိုးတိုးတက်မှုမဖြစ်နိုင်ဟု ခံယူပြီး    ငြိမ်းချမ်းရေးအတွက်   ထိုသို့ကမ်းလှမ်း ခဲ့ခြင်းဖြစ်ပေသည်။


KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး က “တိုက်ပွဲတိုက်နေတာကြာပြီ၊    ဘယ်သူ့ဘယ်သူမှ နိုင်အောင်မတိုက်နိုင်ကြပါဘူး။ ဆုံးရှုံးရတာတော့ နှစ်ဖက်စလုံးပါပဲ” ဟူ၍ KNU ၏သဘောထားကို ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့နောက် KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့  ရှစ်ဖွဲ့တို့သည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂  ခုနှစ်တို့တွင်  ပြည်နယ်အဆင့်အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။                    


KNU အဖွဲ့နှင့်မူ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂  ရက်နေ့ တွင်   ပြည်နယ်အဆင့်  အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ငြိမ်းချမ်းရေးကို ဆာလောင်မွတ်သိပ်နေကြ
KNU အဖွဲ့နှင့် ဆွေးနွေးပွဲမှ သတိရအောက်မေ့ ဖွယ်ရာအချို့နှင့်ပတ်သက်၍   “စိုးသိန်း၏    ဒီမို ကရေစီနိုင်ငံတော်သစ်နှင့်    သမ္မတဦးသိန်းစိန်” စာအုပ်တွင်   စာရေးသူက   “ကေအန်ယူအဖွဲ့ကို မြဝတီမှ  ကြိုဆိုခဲ့ပါသည်။   ကျွန်တော်တို့အဖွဲ့က သင်္ကန်းညီနောင်မှ စောင့်ကြိုကြပါသည်။  ဘားအံ ရောက်သည့်အခါတွင်  မြို့လုံးကျွတ်မျှ  ဝမ်းပန်း  တသာကြိုဆိုကြပါသည်။ ငြိမ်းချမ်းရေးကို ပြည်သူ လူထုအားလုံး     ဆာလောင်မွတ်သိပ်နေကြမှန်း ကျွန်တော်တို့အားလုံး  ခံစားမိပါသည်။  ဆွေးနွေးပွဲ အစပိုင်းက   ထင်သလောက်    အဆင်မပြေလှပါ။ သို့သော်ညနေသုံးနာရီလောက်တွင် အဆင်ပြေသွား ခဲ့ပါသည်”ဟု မှတ်တမ်းတင်ရေးသားခဲ့သည်။
ယင်းနောက်       ဦးသိန်းစိန်    ဦးဆောင်သော နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တို့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ  ၁၅ ရက်နေ့တွင် ပြည်ထောင်စုအဆင့် တစ်နိုင်ငံလုံး   ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး   သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲကို သမိုင်းဝင်ဆောင်ရွက် နိုင်ခဲ့သည်။ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုး ပွဲအောင်မြင်သည့်အတွက်        ကမ္ဘောဒီးယားမှ ငြိမ်းချမ်းရေးဆောင်ရွက်နေသည့်      လေ့လာသူ  မစ္စအမ်မာသည်   ဝမ်းသာလွန်းသဖြင့်  ချုံးပွဲချငိုပါ လေတော့သည်။


ငြိမ်းချမ်းရေးခရီးကား  အမှန်တကယ်လည်း ခက်ခဲရှည်ကြာခဲ့ပါသည်။ ဦးသိန်းစိန်အစိုးရသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် စတင်ဖိတ်ခေါ်ခဲ့ သည့်နေ့မှစ၍  တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်      ရရှိသည်အထိ ရက်ပေါင်း ၁၄၅၀ ကြာမြင့်ခဲ့သည်။ အစည်းအဝေး အရေအတွက်    ၅၀၀၀    ခန့်ရှိခဲ့ပြီး    သမ္မတ   ဦးသိန်းစိန်ကိုယ်တိုင် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ် များကို   ဦးစားပေးအဖြစ်   တစိုက်မတ်မတ်လုပ် ဆောင်ခဲ့ကာ  ပြည်သူလူထုထံသို့  စဉ်ဆက်မပြတ် အသိပေးတင်ပြခဲ့သည့်      ရေဒီယိုမိန့်ခွန်းပေါင်း ၄၅    ကြိမ်တိတိရှိခဲ့ကြောင်း   အဆိုပါစာအုပ်တွင် မှတ်တမ်းတင်ရေးသားခဲ့သည်။


လိပ်ခဲတည်းလည်း ဖြစ်ခဲ့ရ


ပြီးခဲ့သည့်     NLD   အစိုးရလက်ထက်တွင်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့     ထပ်တိုး ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့သော်လည်း (၂၁)ရာစု ပင်လုံအမည်သစ်ဖြင့်ကျင်းပသော NCA ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှာ         ရှေ့မတိုးနောက်မဆုတ် လိပ်ခဲတည်းလည်း ဖြစ်ခဲ့ရပေသည်။
ထို့ကြောင့် လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၊      အိမ်စောင့်အစိုးရ    လက်ထက်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အမျိုးသားစည်းလုံး  ညီညွတ်ရေးနှင့်    ငြိမ်းချမ်းရေးဖော်ဆောင်မှု  ဗဟို ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် အောက်တို ဘာ ၁၅ ရက်ကပေးပို့သော   တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်       (NCA)ချုပ်ဆိုခြင်း    (၆)   နှစ်မြောက်   နှစ်ပတ်လည်နေ့ သဝဏ်လွှာတွင်    “မိမိတို့အစိုးရသည်     ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် NCA စာချုပ်ပါအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး    တွေ့ဆုံ ဆွေးနွေးရေးအတွက်  အမြဲတံခါးဖွင့်ထားသည်ကို အတိအလင်း        ကြေညာပြီးသားဖြစ်ကြောင်း” ထည့်သွင်းဖော်ပြခဲ့သည်။


ထို့အပြင်   “အတိတ်ကိုမသိလျှင်   ထပ်ကျော့ အမှားတွေ ကျူးလွန်နိုင်သည်။ ထို့အတူ အတိတ်ကို အစွဲသန်လွန်းလျှင်လည်း အနာဂတ်လမ်းပျောက် နိုင်သည်”ဆိုသည့် စကားရပ်အား သတိချပ်စေလို သည်။    နိုင်ငံတော်အစိုးရသည်   ကျရောက်မည့် စိန်ရတုပြည်ထောင်စုနေ့၊ စိန်ရတုလွတ်လပ်ရေးနေ့ မတိုင်မီ၌   ပြည်ထောင်စုစိတ်ဓာတ်   ရှင်သန်ခိုင်မာ စေရေးလုပ်ငန်းစဉ်နှင့်   ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအား ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည် ဟုဖော်ပြခဲ့သည်။
ထို့အတူ    နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီး  မင်းအောင်လှိုင်သည်  NCA  ချုပ်ဆိုခြင်း (၆)     နှစ်မြောက်   နှစ်ပတ်လည်နေ့၌   မိန့်ခွန်း ပြောကြားရာတွင်       “သဘာဝသယံဇာတများ ပေါကြွယ်ဝတဲ့   မိမိတို့နိုင်ငံအနေနဲ့   ငြိမ်းချမ်းရေး အမြန်ရရှိလာလေ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး  ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လေ  ဖြစ်မှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့    တပ်မတော်အနေနဲ့    ထာဝရ ငြိမ်းချမ်းရေးကို     အလေးအနက်ထား   အကောင် အထည်ဖော်နေချိန်ဖြစ်လို့ ဒီနေ့အချိန်ကာလဟာ NCA    လက်မှတ်ရေးထိုးထားတဲ့    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရော၊ NCA လက်မှတ်မထိုး ရသေးတဲ့     တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရော တိုင်းပြည်အကျိုးစီးပွား၊    ပြည်သူပြည်သား များအားလုံးရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ငြိမ်းချမ်း ရေးလမ်းကြောင်းပေါ်    လျှောက်လှမ်းရန်အတွက် အကောင်းဆုံးအချိန်ဖြစ်ကြောင်း”         အသိပေး ပြောကြား ခဲ့သည်။


တိုက်ပွဲများ ပြန်လည်ဖြစ်ပွား


သို့ရာတွင် ယခုရက်ပိုင်းအတွင်း ဘေးပယောဂ များကြောင့် ငြိမ်းချမ်းရေးကို မလိုလားဘဲ ကိုယ်ကျိုး စီးပွားအတွက် စစ်ဘုရင်ဝါဒကိုအသက်သွင်းလိုသူ  KNU     ခေါင်းဆောင်ငယ်အချို့ကြောင့်      ကရင် ပြည်နယ် လေးကေ့ကော်မြို့တစ်ဝိုက်တွင် တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားလာသည်။
ထိုသို့ဖြင့်   ၎င်းတို့သည်   အတိတ်ကိုမသိ၍၊ သင်ခန်းစာ   မယူခဲ့၍      ထပ်ကျော့အမှားများကို ကျူးလွန်ခဲ့ကြရာမှ       ဆယ်စုနှစ်နှစ်စုကျော်မျှ စစ်မက်ကင်းဝေးခဲ့၍      အေးချမ်းစွာနေထိုင်လာခဲ့ ကြရသော  ဒေသခံတိုင်းရင်းသားအချို့သည်  စစ်၏ ဆိုးကျိုးများကို      တစ်ကျော့ပြန်ခံစားခဲ့ကြရလေ သည်။
“အိတ်တွေ  မယူခဲ့နဲ့တော့၊ ဒီအတိုင်း လူချည်း ပဲ ကူးလာခဲ့”၊ “အမေရေ၊ အမေရေ”၊ “ဟီး ဟီး ဟီး” လူမှုကွန်ရက်စာမျက်နှာထက်က ရုပ်သံဗီဒီယိုများမှ တစ်ဆင့်   ကြားသိမြင်တွေ့နေရသည့်  သောင်ရင်း မြစ်ကမ်းဘေးမှ   တစ်ဖက်နိုင်ငံသို့    စစ်ဘေးရှောင်  မိမိတို့၏ ညီအစ်ကိုမောင်နှမ သွေးရင်းသားရင်းတို့၏ အသံများကား စိတ်မချမ်းမြေ့ဖွယ်ရာပင်။


အသက်အားဖြင့် ၈၀၊ ၉၀ အရွယ် သက်ကြီး ရွယ်အို ဖထီးတို့၊ အမိုးတို့၏   တုန်ချည့်   တုန်ချည့် ပြေးလွှားနေသည့် ပုံရိပ်များ၊ အရွယ်မရောက်သေး သည့် ဖိုးခွားလေးတို့ကို မိဘများက လက်မှာဆွဲရင်း ပြေးလွှားနေသည့်ပုံရိပ်များကလည်း ရင်မှာ မချိ တင်ကဲခံစားရပါသည်။   ဆယ်စုနှစ်   နှစ်ခုကျော်မျှ  အပူအပင်အကြောင့်အကြမရှိ အေးချမ်းပျော်ရွှင်စွာ ရှင်သန်ကြီးပြင်းလာခဲ့သော မျိုးဆက်သစ်တို့အတွက် လည်း အတော့်ကို စိတ်မကောင်းဖြစ်ရသည်။


ကရင်ပြည်နယ်တစ်ဝန်း ငြိမ်းချမ်းခဲ့စဉ်ကာလ က ခရီးနှင်ရင်း  မြင်တွေ့ကြားသိသမျှ ပုံရိပ်များကို ကျွန်တော်ပြန်လည်တမ်းတလာမိသည်။    ကရင် ပြည်နယ်သည်  အတိတ်သမိုင်းသင်ခန်းစာများကို အလေးအနက် သင်ခန်းစာရယူသင့်သည်။ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး အတွက် ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်သို့သာ တစိုက်  မတ်မတ်လျှောက်လှမ်းသင့်သည်။ ဖွံ့ဖြိုးတိုးတက် ရန်အတွက်လည်း     ရေမြေသဘာဝသယံဇာတအရ အခွင့်အလမ်းကောင်းများစွာ ပိုင်ဆိုင်ထားပါသည်။ တစ်ဖက်    ထိုင်းနိုင်ငံနှင့်ဆက်စပ်နေ၍  ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းအတွက်သာမက    ဈေးကွက်အရ လည်း ပထဝီအနေအထားအရ မဟာဗျူဟာကျကျ တည်ရှိလေသည်။   KNU  အဖွဲ့အစည်းအနေဖြင့်  လည်း NCA စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ဖြစ်သည်။ KNU ခေါင်းဆောင် အစဉ်အဆက်တို့ အခက်အခဲများကြားမှ   ရယူထားသော  ငြိမ်းချမ်း  ရေးကို   နှောင်းလူတို့    တန်ဖိုးထားလေးစားဖို့သာ လိုအပ်ပေသည်။


 ၂၀၂၂   ခုနှစ်   ဇန်နဝါရီလ  ၂  ရက်နေ့သည်  ကရင်တိုင်းရင်းသားတို့၏ နေ့ထူးနေ့မြတ် ကရင် နှစ်သစ်ကူးနေ့ဖြစ်သည်။    ကရင်နှစ်သစ်ကူးနေ့ အခါသမယတွင်   ကျွန်တော်သည်   ကရင်တိုင်းရင်း သားပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေ၊ ထာဝရငြိမ်းချမ်းပါစေ ဇွဲကပင်မြေဟု ဆုမွန်ကောင်း တောင်းလိုက်ရပါ၏။         ။