
နေပြည်တော် ဧပြီ ၁
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်-မေတ္တာ-ထီးခီး သွားကားလမ်းပေါ်၌ ဂက်စ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီးအား ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မေတ္တာမြို့ရှိ ကစယ်ဒိုထူးကုမ္ပဏီမှ ဂက်စ်များ ဝယ်ယူဖြည့်တင်းပြီး ထားဝယ်မြို့သို့ ပြန်လည်ထွက်ခွာလာသည့် ၁၂ ဘီးမော်တော်ယာဉ် နှစ်စီးတို့သည် ယနေ့နံနက် ၁၁ နာရီခန့်တွင် ထားဝယ် -မေတ္တာ-ထီးခီးသွားကားလမ်း၊ ပကာရီကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာ ရမ္မဇူ ကျေးရွာနှင့် ပခမ်ကျေးရွာအကြားသို့ ရောက်ရှိစဉ် အကြမ်းဖက်သမား ၂၀ ခန့်က လမ်း၏အနောက် မြောက်ဘက်မီတာ ၁၀၀ ခန့်အကွာ တောင်ကုန်းမှ နေ၍ လက်နက်ငယ်/ တူမီးသေနတ်များဖြင့် အဆက် မပြတ်ပစ်ခတ်ခဲ့သဖြင့် ယာဉ်မောင်းနှစ်ဦးမှာ ကားပေါ်မှဆင်း၍ ထွက်ပြေးခဲ့ရကြောင်း၊ ထိုသို့ ထွက်ပြေးစဉ် အကြမ်းဖက်သမားများက ၎င်းတို့၏ မော်တော်ယာဉ်နှစ်စီးပေါ်တွင်ပါရှိသည့် ငွေသားများ၊ လက်ဝတ်ရတနာများနှင့် အသုံးအဆောင်ပစ္စည်း များကို ယူဆောင်ကာ ယာဉ်များကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရှိရသည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အများ ပြည်သူသွားလာနေသည့် လမ်းမကြီးများပေါ်ရှိ ခရီးသွားပြည်သူများနှင့် ကုန်စည်တင်မော်တော်ယာဉ် များအား ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခြင်းသည် လူမှုစီးပွားကို ထိခိုက်ပျက်စီးစေပြီး ကုန်စည်စီးဆင်းမှု ကို အဟန့်အတားဖြစ်စေသဖြင့် အကြမ်းဖက် လုပ်ရပ်များကို တစ်ဖက်သတ်အစွန်းရောက် ဝါဒစွဲ အပေါ်အခြေခံကာ အသိဉာဏ်နည်းပါးစွာ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်