ထားဝယ်-မြိတ် ကားလမ်းပေါ်၌ ပြေးဆွဲနေသည့် ခရီးသည်တင်မှန်လုံယာဉ်များ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

 

နေပြည်တော်    ဇွန်    ၁


နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ    လမ်းပန်းဆက်သွယ်ရေး      လွယ်ကူ ချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွား လာနိုင်ရေး အတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအချိန်တွင်   NUG ၊ CRPH ၊ PDF အမည်ခံ အကြမ်းဖက်သမားများက    နေရာအချို့၌ လမ်း တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ခရီးသည် တင်   ယာဉ်လိုင်းများအား   မိုင်းခွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့်   အကြောင်းမဲ့    ပစ်ခတ် တိုက်ခိုက်ခြင်း၊   ဆက်ကြေးများ   ကောက်ခံခြင်း၊ အပြစ်မဲ့ခရီးသွားပြည်သူများကို     အကြောင်း အမျိုးမျိုးပြ  စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

 


ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက် ရှိရာ တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ် ကားလမ်းမကြီးပေါ်၌ ပြေးဆွဲနေ သည့် မှန်လုံယာဉ်များကို ယနေ့နံနက် ၁၁ နာရီခန့်  တွင်   PDF    အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့်   ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ခရီးသည်တင်မှန်လုံယာဉ် သုံးစီး ထိခိုက်ပျက်စီးကာ ယာဉ်မောင်း တစ်ဦး   ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ ခရီးသည်တင် မှန်လုံယာဉ် သုံးစီးသည် ယနေ့     နံနက် ၆ နာရီခန့်တွင်    ထားဝယ်မြို့မှ ထားဝယ်-မြိတ်   ကားလမ်းအတိုင်း   ခရီးသည်များ တင်ဆောင်၍ ထွက်ခွာလာခဲ့ရာ သရက်ချောင်းမြို့နယ် သရက်ချောင်းကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ မိုင်တိုင်အမှတ် (၅၃/၂)နှင့် (၅၃/၃)ကြားနေရာသို့   အရောက်၌   အကြမ်းဖက်သောင်း ကျန်းသူ အင်အား ၃၀ ခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ခရီးသည်တင် မော်တော် ယာဉ် သုံးစီး   ထိခိုက်ပျက်စီးခဲ့ပြီး ရွှေမြိတ်အောင် ခရီးသည်တင်မှန်လုံ   ယာဉ်အမှတ်  5K/----- ၏ ယာဉ်မောင်းဖြစ်သူ ဦးအေးမင်းဇော်တွင် လက်နက် ငယ် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကာ ခရီးသည်များမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရှိရသည်။

 


အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်း အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထားဝယ်မြို့ ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်   ရှိပြီး ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာ ခရီးသွား လာနိုင်ရေးနှင့် ခရီးသည်တင် မော်တော်ယာဉ်များ ကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး   လုံခြုံရေးတပ်ဖွဲ့ဝင်များက   ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်