ထားဝယ်မြို့နယ် ရန်ကုန်-ထားဝယ်-မြိတ်လမ်းမကြီးပေါ်ရှိ မောင်မယ်ရှောင်ရွာအား တပ်မတော်က မီးရှို့ဖျက်ဆီးဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ

 

နေပြည်တော် ဩဂုတ်  ၆


တနင်္သာရီတိုင်း         ဒေသကြီး ထားဝယ်မြို့နယ်    ရန်ကုန်-ထားဝယ်-မြိတ်လမ်းမကြီး  ပေါ်ရှိ မောင်မယ်ရှောင်ရွာကို  လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ခြင်းဖြစ် သည်ဟု သတင်းတု၊ သတင်းအမှား များကို တရားမဝင်ပြည်ဖျက်မီဒီယာ များက  မဟုတ်မမှန်   ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။


အဆိုပါ         သတင်းနှင့် ပတ်သက်၍  သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ က ဒေသခံပြည်သူများ တည်ငြိမ် အေးချမ်းစွာ      နေထိုင်နိုင်ရန် အတွက် အဆိုပါကျေးရွာတစ်ဝိုက် ၌      အကြမ်းဖက်သမားများ၏ ခိုအောင်းလှုပ်ရှားသွားလာမှုများ မရှိစေရေး စစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်နေမှုကို အကြမ်းဖက် အားပေး   ပြည်ဖျက်မီဒီယာများ အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား ပြည်သူလူထုမှ အထင်အမြင် လွဲစေရန်နှင့် အကြမ်းဖက်သမား များ လွတ်လပ်စွာ လှုပ်ရှားသွား လာနိုင်ရန်အတွက်   အချိန်ကိုက် သတင်းအမှားများ   ဖြန့်ဝေခြင်း ဖြစ်ပြီး  ထိုကဲ့သို့ မီးရှို့ဖျက်ဆီးခြင်း မှာ    အကြမ်းဖက်သမားများ၏ လုပ်ရပ်သာဖြစ်ကြောင်း သတင်း ရရှိသည်။                 

သတင်းစဉ်