
ထားဝယ် ဩဂုတ် ၉
ထားဝယ်တက္ကသိုလ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေး မှုကော်မတီက ကြီးမှူးကျင်းပသော ကရင်ရိုးရာ ဒုံးယိမ်းအကသင်တန်း၊ မွန်အကသင်တန်းနှင့်ဂီတာသင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပါမောက္ခဌာန မှူး များက မြကျွန်းညိုညိုတက္ကသိုလ်သီချင်းဖြင့် သီဆို ဖွင့်လှစ်သည်။
ချစ်ကြည်သွေးစည်းမှု ပိုမိုခိုင်မာ
အခမ်းအနားတွင်တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောမာတင်လူသာက ထားဝယ် တက္ကသိုလ်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီက ကြီးမှူးကျင်းပသော ကရင်ရိုးရာဒုံးယိမ်း အကသင်တန်း၊ မွန်အကသင်တန်းနှင့် ဂီတာသင်တန်း များ ဖွင့်လှစ်နိုင်ခဲ့သောကြောင့်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ တက္ကသိုလ်ပေါင်းစုံက ကပြ၊ သီဆို၊ ဖျော်ဖြေကြသောကြောင့် ကျောင်းသား ကျောင်းသူ များ တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးလာပြီး ချစ်ကြည် သွေးစည်းမှု ပိုမိုခိုင်မာလာကာ အနာဂတ်နိုင်ငံတော် ကို ပြည်ထောင်စုစိတ်ဓာတ်အပြည့်နှင့် မိမိတို့၏ နိုင်ငံတော်၊ မိမိတို့၏ပြည် ထောင်စုကို လက်ဆင့်ကမ်း လွှဲပြောင်းရယူကာ ဆက်လက်တည်ဆောက်သွား ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဖျော်ဖြေနေမှုကို ကြည့်ရှုအားပေး
ထို့နောက် သင်တန်းဆင်းကျောင်းသား ကျောင်းသူ များနှင့် တက္ကသိုလ်ပေါင်းစုံမှတိုင်းရင်းသားများက မွန်တပင်တိုင်အက၊ တေးသရုပ်ဖော်အက၊ ကရင် ဒုံးယိမ်းအက၊ တိုင်းရင်းသားရိုးရာအက၊ ကရင်(စုံတွဲ)တေးသရုပ်ဖော်အကနှင့် တေးသီချင်းများဖြင့် သီဆို ကပြဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးက သီဆိုကပြဖျော်ဖြေသော တိုင်းရင်း သားများအား ဂုဏ်ပြုငွေကျပ် သုံးသိန်း ချီးမြှင့်ပြီး ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းသန်းဦးက ကရင်ဒုံးယိမ်းအက နည်းပြများ အား ဂုဏ်ပြုငွေကျပ် တစ်သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီး(ပြန်/ဆက်)