ထီးချိုင့်မြို့နယ် မရသိမ်ကျေးရွာရှိ စာသင်ကျောင်းအား PDF အမည်ခံအကြမ်းဖက်သမားများက ဆင်ခြင်တုံတရားမဲ့စွာ မီးရှို့၊ ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်  ဇန်နဝါရီ   ၁၄

 


စစ်ကိုင်းတိုင်းဒေသကြီး  ထီးချိုင့် မြို့နယ်အတွင်း    အဖျက်အမှောင့် လုပ်ငန်းများ    လုပ်ဆောင်ရန် အတွက် PDF အမည်ခံ  အကြမ်း ဖက်သမားများက မရသိမ်ကျေးရွာ ရှိ စာသင်ကျောင်းအတွင်း/အပြင် ၌ ခြံစည်းရိုးပတ်လည်ကို သဲအိတ် များ ကာရံခြင်း၊   မိုင်းများထောင် ထားခြင်း၊ သဲအိတ်ဘန်ကာများ တည်ဆောက်ခြင်း၊  အကြမ်းဖက် လေ့ကျင့်ရေးကွင်းများ   ဖောက် လုပ်ခြင်းများ ပြုလုပ်၍ စာသင် ကျောင်းအား အခိုင်အမာ စခန်း တည်ဆောက်၍   အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက  သွား ရောက်  ချေမှုန်းတိုက်ခိုက်ခဲ့ရာ ၁၀၇ မမ ရှော့တိုက်ဒုံးသီး အပါ အဝင် လက်နက်၊ ခဲယမ်း၊ ဗုံးသီးများ နှင့် အကြမ်းဖက်မှုများ ဆောင်ရွက် ရာတွင်   အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကို   သိမ်းဆည်းရမိခဲ့ သည်။

 


အဆိုပါ   လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ တိုက်ခိုက်မှုကြောင့် ဖရိုဖရဲ ဆုတ်ခွာသွားသော အကြမ်းဖက် အဖွဲ့များသည် လုံခြုံရေးတပ်ဖွဲ့ဝင် များ လိုအပ်သည့် နယ်မြေလုံခြုံ ရေးလုပ်ငန်းများ    ဆက်လက် ဆောင်ရွက်နေစဉ်      ဇန်နဝါရီ ၁၃ ရက်   ည    ၉  နာရီခွဲခန့်တွင် ကျေးရွာအတွင်း          ပြန်လည် ဝင်ရောက်လာပြီး ၎င်းတို့ စခန်းချ အခြေပြုနေထိုင်ခဲ့သည့် သက်သေ အထောက်အထားများ မကျန်စေ ရန်အတွက်   စာသင်ကျောင်းကို ဆင်ခြင်တုံတရားမဲ့စွာ     မီးရှို့၊ ဖောက်ခွဲဖျက်ဆီးခဲ့သည်။

 


ယင်းသို့  မီးရှို့ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာရှိ အလျား ပေ ၁၃၀၊ အနံ ၂၅ ပေ၊ အမြင့် ၂၅ ပေရှိ ပေ ၃၀  ပတ်လည်  အခန်း လေးခန်းပါ နှစ်ထပ်စာသင်ဆောင် တစ်ဆောင်၊ အလျားပေ ၆၀ ၊ အနံ ၂၅ ပေ၊ အမြင့်   ၁၅  ပေရှိ   ပေ ၂၀  ပတ်လည်     အခန်းသုံးခန်းပါ တစ်ထပ် စာသင်ဆောင်တစ်ဆောင် နှင့် အလျားပေ ၈၀၊ အနံ ၁၈ ပေ၊ အမြင့် ၁၅ ပေရှိ အခန်းငါးခန်းပါ တစ်ထပ်ပျဉ်ထောင်      စာသင် ဆောင်တစ်ဆောင်တို့   မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 


အကြမ်းဖက်သမားများ အနေ    ဖြင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပညာရေးဆိုင်ရာ  အဆောက်အဦ များနှင့်    ကျေးရွာများအတွင်း လူနေအိမ်များကို အကာအကွယ် ရယူ    ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အပြင် ကျောင်းသူ ကျောင်းသား များ ပညာသင်ကြားရေးအတွက် အသုံးပြုနေသည့် ကျေးရွာစာသင် ကျောင်းအား  ယခုကဲ့သို့    မီးရှို့ ဖျက်ဆီးခဲ့ခြင်းသည် ကျောင်းနေ အရွယ်ကလေးသူငယ်များ၏ ပညာ သင်ယူခွင့်ကို ထိခိုက်နစ်နာစေရုံ သာမက      ဒေသဖွံ့ဖြိုးရေးကို တစ်ဖက်တစ်လမ်းမှ  အထောက် အကူပြုသည့် ပညာရည်မြင့်မား မှုကို      ပိတ်ပင်ဖျက်ဆီးမှုဖြစ် သဖြင့် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ   ဥပဒေတို့ အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ပြီး      အဆိုပါ
လုပ်ရပ်များအပေါ် ဒေသခံပြည်သူ များအနေဖြင့် ရွံ့ရှာစက်ဆုပ်မုန်းတီး လျက်ရှိကြောင်း  သိရှိရသည်။

 


အထက်ပါ    အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်ခဲ့သူများ အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်ချေမှုန်း၊ သုတ်သင် သွားမည်ဖြစ်ကြောင်းနှင့် အကြမ်း ဖက်အဖွဲ့များ၏   ဝင်ထွက်သွားလာ မှု  သတင်းများရရှိပါက သက်ဆိုင် ရာသို့ လျှို့ဝှက်စွာသတင်းပေး၍ နယ်မြေ တည်ငြိမ်အေးချမ်းရေး အတွက်   ပူးပေါင်းပါဝင်ကြရန်  သက်ဆိုင်ရာက သတင်းထုတ်ပြန် ထားကြောင်း သိရသည်။              

                      
သတင်းစဉ်