ထိပ်တိုက်ရင်ဆိုင်ရေး အလုပ်ဖြစ်မလား

Type

 

မျိုးငြိမ်းငယ်

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး ယဉ်ကျေးမှုမှာ ထိပ်တိုက်ရင်ဆိုင်ရေးအယူအဆတွေပဲ အများအားဖြင့်  လွှမ်းမိုးခဲ့တာတွေ့ရပါတယ်။ နိုင်ငံ တည်ဆောက်ဖို့ထက်  တစ်ဦးနဲ့တစ်ဦး၊  တစ်ဖွဲ့နဲ့တစ်ဖွဲ့   စေ့စပ်ညှိနှိုင်းတာ၊ ဆွေးနွေးကြတာဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုထက် ထိပ်တိုက်ရင်ဆိုင်ဖို့နဲ့ လွှမ်းမိုးဖို့ပဲ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းနိုင်ငံရေးဖြေရှင်းမှုတွေမှာ ထိပ်တိုက်ရင်ဆိုင်ရေးသဘောထားနဲ့နည်းလမ်းတွေဟာ မရိုးနိုင်တဲ့ အစဉ်အလာ ဖြစ်လို့နေပါတယ်။ 


လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ပေါင်း ၇၀ ကျော်အတွင်း  နိုင်ငံရေးစနစ်တွေ   ဘယ်လောက် ပြောင်းပြောင်း၊ အချိန်တွေ ဘယ်လောက်ပြောင်း ပြောင်း  ထိပ်တိုက်နိုင်ငံရေး  သဘောထားကတော့ မပြောင်းမလဲ  ယနေ့ထက်တိုင်    အမြစ်စွဲနေဆဲပဲ ဆိုတာ  တွေ့ရပါတယ်။ ခေတ်တွေ ပြောင်းလဲလာ ပေမယ့်     နက်နက်ရှိုင်းရှိုင်း  အမြစ်စွဲနေတဲ့ အဲဒီ ထိပ်တိုက်ရင်ဆိုင်ရေးယဉ်ကျေးမှုဟာ ခိုင်ခိုင်မာမာ စွဲမြဲနေတယ်ဆိုတာကို ဒီကနေ့ နိုင်ငံရေးဖြစ်စဉ်တွေ ကိုကြည့်ရင် သိသိသာသာ မြင်နိုင်ပါတယ်။


သူ့ကျွန်လက်အောက်က လွတ်မြောက်ပြီး နိုင်ငံ ပြန်လည်တည်ဆောက်ဖို့  ဆယ်စုနှစ်များစွာအတွင်း     နိုင်ငံ့ပြည်တွင်းရေးကိစ္စဖြေရှင်းရေး၊ အများသဘော တူ   နိုင်ငံရေးအုတ်မြစ်  ချမှတ်ရေး၊    နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးဆိုတာထက်  တစ်ဖက်နဲ့  တစ်ဖက်  ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေကြလို့   နိုင်ငံတည် ဆောက်တဲ့အချိန်ထက် မယုံကြည်မှုတွေ၊  တိုက်ခိုက် မှုတွေနဲ့ပဲ   ပဋိပက္ခသံသရာက  ရုန်းမထွက်နိုင်သေး ပါဘူး။  အကျိုးဆက်ကတော့ နိုင်ငံတကာနဲ့ယှဉ်ရင်၊    ဒေသတွင်းနိုင်ငံတွေနဲ့ယှဉ်ရင်၊  အိမ်နီးချင်းနိုင်ငံတွေ နဲ့ယှဉ်ရင်      တဖြည်းဖြည်း      နောက်ပိတ်ဆုံးကို ရောက်လာတာပဲ ဖြစ်ပါတယ်။  ပြည်သူတွေမှာလည်း  ဆင်းရဲတွင်း နက်သထက် နက်လာတာပဲ အဖတ် တင်ပါတယ်။ 


ကောင်းကျိုးနဲ့ဆိုးကျိုး


လွတ်လပ်ရေးနဲ့အတူ         ဖြစ်တည်လာခဲ့တဲ့  ပြည်တွင်းလက်နက်ကိုင်တိုက်ခိုက်မှုတွေ ချုပ်ငြိမ်း ဖို့၊ ငြိမ်းချမ်းရေးရရှိဖို့၊ နိုင်ငံရေးဘုံ သဘောတူညီ ချက်ရရှိဖို့၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက် ဖို့ လမ်းကြောင်းပေါ် ရောက်ခဲ့ပေမယ့်    ထိပ်တိုက် ရင်ဆိုင်လိုတဲ့ သဘောထားတွေ၊ လုပ်နည်းလုပ်ဟန် တွေကြောင့်      အခုဆို   နိုင်ငံရေးပဋိပက္ခတောထဲ ပြန်လည်ရောက်ရှိနေပြန်ပါပြီ။ ဆက်ပြီး ဖြစ်လာနိုင် တဲ့ ကောင်းကျိုးနဲ့ဆိုးကျိုး  အကျိုးဆက်တွေကို ချိန်ဆကြည့်နိုင်ပါတယ်။
မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုမှာ   ဘာကြောင့် ထိပ်တိုက်ရင်ဆိုင်ရေးနည်းလမ်းကိုမှ   ရွေးချယ်ကြ တာလဲဆိုတာ စဉ်းစားစရာပါ။ နိုင်ငံရေးပဋိပက္ခတွေ ဖြေရှင်းဖို့     ရွေးချယ်စရာနည်းလမ်းများစွာ   ရှိနေ ပါလျက်    ထိပ်တိုက်ရင်ဆိုင်ရေး     နည်းလမ်းကိုပဲ တစိုက်မတ်မတ်   ရွေးချယ်ခဲ့ကြပါတယ်။ ဒီတော့ ဒီလိုထိပ်တိုက်ရင်ဆိုင်နေကြလို့   အောင်မြင်ခဲ့ကြ သလား၊ ဘယ်သူတွေနိုင်ပြီး ဘယ်သူတွေ ဆုံးရှုံးခဲ့ သလဲဆိုတဲ့  သမိုင်းဖြစ်ရပ်တွေကို ပြန်လည်သုံးသပ် ကြည့်ဖို့ လိုပါလိမ့်မယ်။ အခြားနိုင်ငံတွေထက် အစစ အရာရာ နောက်ကျနေတဲ့ နိုင်ငံရဲ့လက်ရှိအခြေအနေ က သက်သေထူနိုင်ပါတယ်။ ဒါကိုလည်း သင်ခန်းစာ မယူနိုင်သေး၊ နောင်တမရကြသေးပါဘူး။ ထိပ်တိုက် ရင်ဆိုင်ဖို့ ကြိုးစားနေဆဲပဲ ဖြစ်ပါတယ်။ ဒီလိုဖြေရှင်း တဲ့နည်းလမ်းက သူနိုင်ကိုယ်နိုင် အဖြေရရှိတာထက် သူရှုံးကိုယ်ရှုံးတင်မကပါဘူး၊ ပြည်သူတွေပါ ဆုံးရှုံးခဲ့ ရတာ တွေ့ရပါလိမ့်မယ်။


၁၉၄၈ ခုနှစ်ကနေ ဒီကနေ့အထိ အချင်းချင်းသဘောထားကွဲလွဲကြတိုင်း    ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ဖြေရှင်းခဲ့တဲ့ အကြိမ်ပေါင်းမနည်းတော့ပါ ဘူး။ အောင်မြင်ခဲ့ကြသလား၊ ဆုံးရှုံးခဲ့ကြသလား။ နိုင်ငံရော၊ ပြည်သူတွေရော တိုးတက်လာသလား၊ ဆုတ်ယုတ်သွားသလား။ အခုဆိုရင် အကြမ်းဖက် နည်းလမ်းတွေပါ   အသုံးပြုလာကြပါပြီ။    ပြည်သူ အချင်းချင်းသွေးခွဲ၊ နိုင်ငံသားချင်း ရန်သူသတ်မှတ်၊ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်တာဟာ မှန်ကန် တဲ့နည်းလမ်းရွေးချယ်တာ  မဟုတ်ပါဘူး။  ကိုယ့်ရဲ့ နိုင်ငံရေးအတ္တ၊ လောဘနဲ့ ဆန္ဒတွေကို အစဉ်အဆက် မအောင်မြင်ခဲ့တဲ့   ဒီနည်းလမ်းတွေနဲ့    အကောင် အထည်ဖော်ဖို့  ကြိုးစားနေခြင်းသာ ဖြစ်ပါတယ်။


ဆိုးမွေနိုင်ငံရေး


မြန်မာနိုင်ငံရဲ့     အိမ်နီးချင်းနိုင်ငံမှာလည်း ကိုယ့်နိုင်ငံမှာလို နိုင်ငံရေးအကွဲအပြဲတွေ၊ အယူအဆ မတူတာတွေဖြစ်နေတာ    ယနေ့ထက်တိုင်ပါပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာလို အကြမ်းဖက်နည်းလမ်း တွေနဲ့ နိုင်ငံပျက်စီးအောင်လုပ်တာ မတွေ့ရပါဘူး။ မြန်မာနိုင်ငံမှာတော့ မျိုးဆက်တွေသာ ပြောင်းသွား တယ်။ ဆိုးမွေနိုင်ငံရေး အစဉ်အလာနဲ့ လုပ်နည်း လုပ်ဟန်တွေကတော့      မပြောင်းလဲသေးပါဘူး။ လက်ဆင့်ကမ်းပေးနေဆဲ၊      လက်ဆင့်ကမ်းယူနေ ကြဆဲ၊   ဖက်တွယ်ထားဆဲပဲဖြစ်ပါတယ်။ အတော မသတ်နိုင်သေးပါဘူး။


မြန်မာနိုင်ငံ အခုလို ဒီမိုကရေစီအသွင်ကူးပြောင်း ရေးအကျပ်အတည်းဖြစ်စေရတဲ့ အကြောင်းတရား တွေထဲမှာ အထက်ကဆိုခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ သဘောထားတွေ ပါဝင်ပါတယ်။ ဒီမိုကရေစီ အသွင် ကူးပြောင်းတဲ့   ဒုတိယသက်တမ်းကာလအတွင်း ဘင်္ဂါလီအရေးကိစ္စ၊ ရွေးကောက်ပွဲ ဥပဒေပြင်ဆင်ရေး ကိစ္စ၊ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စနဲ့ နောက်ဆုံး အကြိမ် လွှတ်တော်ခေါ်ယူရေးကိစ္စတွေအပါအဝင်  လွှတ်တော်အတွင်း ထိပ်တိုက်ရင်ဆိုင်မှုတွေ များစွာ ဖြစ်ခဲ့ပါတယ်။ သာမန်အားဖြင့် လွှတ်တော်အတွင်း ဥပဒေတစ်ရပ်ဖြစ်ဖြစ်၊ နိုင်ငံ့ရေးရာကိစ္စတစ်ရပ်ရပ် ဖြစ်ဖြစ် ဆွေးနွေးကြရာမှာ သဘောထားမတိုက်ဆိုင် တာတွေ၊ ငြင်းခုံတာတွေ၊  ဆွေးနွေးညှိနှိုင်းတာတွေ ဆိုတာ ရှိစမြဲပါ။ ပထမအကြိမ်လွှတ်တော်မှာလည်း ရှိခဲ့ပါတယ်။


ဒါပေမယ့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်း အတွင်းမှာဖြစ်ခဲ့တဲ့ တစ်ဖက်သတ်ချုပ်ကိုင်၊ ခြယ်လှယ် မှုတွေဟာ လွှတ်တော်အတွင်း သဘောထားကွဲလွဲမှု တွေပိုများလာပြီး  အချင်းချင်းအကြား  ယုံကြည်မှု လျော့နည်းစေခဲ့ပါတယ်။    ဥပဒေပြုရေးမှာလိုပဲ အုပ်ချုပ်ရေးကဏ္ဍနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာလည်း တစ်ဖက်သတ်  လုပ်ကိုင်ဆောင်ရွက်လာတာတွေ၊ ထိပ်တိုက်ရင်ဆိုင်လာတာတွေဟာ     နိုင်ငံရေး ဟန်ချက်ညီမှုနဲ့တည်ငြိမ်မှုကို   အားနည်းစေခဲ့ပါ တယ်။   ဒါတွေဟာ  နိုင်ငံရေးအကျပ်အတည်း  တဖြည်းဖြည်းဖြစ်စေရတဲ့   အရင်းခံအကြောင်းတရား တစ်ခုလို့ ဆိုရမှာပါ။


ကြိုးဆွဲရာကနေရ


အဲဒီကတစ်ဆင့်ဖြစ်လာတဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ နှစ်ပေါင်း ၇၀ ကျော်အတွင်း မအောင်မြင် ခဲ့တဲ့   ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းရေးနည်းလမ်းနဲ့ လူငယ်တွေကို အသုံးချပြီး  ထပ်မံလုပ်ဆောင်လာ ပါတယ်။ ဒါဟာအကျပ်အတည်းကို   ပြေလည်စေ ဖို့ထက် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်စေနိုင်ပါ တယ်။ ဒီနည်းလမ်းဟာ ယခင်ကလည်း မအောင်မြင် ခဲ့တဲ့ နည်းလမ်းဖြစ်တဲ့အပြင် နိုင်ငံအပေါ်မကောင်း တဲ့ အကျိုးဆက်ပဲ  ကျန်ခဲ့တာကို သတိပြုသင့် ပါတယ်။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးသဘောကွဲလွဲ တာတွေကို ဖြေရှင်းဖို့ အကြမ်းဖက်ထိပ်တိုက်ရင်ဆိုင် တဲ့နည်းလမ်းကို ရွေးချယ်တာဟာ အခြားသော ရွေးချယ်စရာ နည်းလမ်းတွေမရှိလို့လား၊ ဒါမှမဟုတ် အခြားသူ ကြိုးဆွဲရာ ကနေရလို့လား ဆိုတာကတော့ ကာယကံရှင်တွေသာ သိပါလိမ့်မယ်။
တကယ်တော့   အခုလို     နိုင်ငံရေးအကျပ် အတည်း မဖြစ်ခင်ကတည်းက ဖြေရှင်းဖို့ နည်းလမ်း တွေ၊ ဖြေရှင်းဖို့အချိန်တွေ၊ သတိပေးတိုက်တွန်းခဲ့သူ တွေ များစွာရှိခဲ့ပါတယ်။ ဒီလိုအကျပ်အတည်းတွေ ဖြစ်လာနိုင်တဲ့   အခြေအနေကို      ကြိုမြင်ကြလို့ သတိပေးကြ၊   တိုက်တွန်းခဲ့ကြတာပါ။     ဒါပေမယ့် အားလုံးအဆင်ပြေစေနိုင်တဲ့      နည်းလမ်းတွေကို ရှောင်ဖယ်ပြီး သဘောထားတင်းမာစွာ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြလို့ အခုလိုအခြေအနေထိ ရောက်လာ တာကို သင်ခန်းစာယူရမှာပါ။ ထပ်ပြီး အမှားပေါ် အမှားမဆင့်မိဖို့နဲ့   အချိန်မီ    ပြင်ဆင်ကြဖို့လိုပါ တယ်။


အခုချိန်မှာလည်း ဖြစ်နေတဲ့   နိုင်ငံရေးအကျပ် အတည်းတွေကို ဖြေရှင်းဖို့   နည်းလမ်းတွေရှိနေ ပါသေးတယ်။   ရွေးချယ်ဖို့အချိန်လည်း   ရှိနေပါ သေးတယ်။ အချိန်မနှောင်းသေးပါဘူး။  နိုင်ငံနဲ့ ပြည်သူတွေအပေါ် နိုင်ငံရေးစိတ်စေတနာမှန်ရင် ထိပ်တိုက်ရင်ဆိုင်တဲ့နည်းလမ်းထက် သူနိုင်ကိုယ်နိုင် နည်းလမ်းကို ရွေးချယ်ဖို့လိုပါတယ်။  ဒါမှလည်း ဒီမိုကရေစီနဲ့ဖက်ဒရယ်ခရီးကို ဆုံးရှုံးမှုအနည်းဆုံး နဲ့ ခရီးဆက်နိုင်ပါလိမ့်မယ်။ ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းဟာ အခြားရွေးချယ်စရာမရှိမှ ရွေးချယ် တဲ့ နောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။  သမိုင်းအစဉ် အဆက် ထိပ်တိုက်ရင်ဆိုင်တဲ့ နည်းလမ်းဟာ နိုင်ငံ တည်ဆောက်ဖို့ထက် နိုင်ငံကိုပိုမိုဆိုးရွားစေခဲ့တာ သတိပြုဖို့လိုပါတယ်။


ထိပ်တိုက်ရင်ဆိုင်လိုတဲ့သဘောထား


နိုင်ငံရေးပဋိပက္ခတွေ  ပြေလည်ဖို့၊   ဖြေရှင်းဖို့ ဆိုရင် ပိုမိုအကျပ်အတည်းဖြစ်စေတဲ့ သဘောထား တွေ၊ နည်းလမ်းတွေကို ရှောင်ရှားပြီး   အားလုံး ပြေလည်စေမယ့်   နည်းလမ်းကို    ရွေးချယ်ကြမှ လက်တွေ့ကျတဲ့   အသွင်ကူးပြောင်းရေးကို ဦးတည် နိုင်ပါလိမ့်မယ်။ ဒီမိုကရေစီကို လိုချင်ပါရဲ့၊ ဖက်ဒရယ် ကို  တည်ဆောက်ချင်ပါရဲ့၊     ဒါပေမယ့် ခေတ်နဲ့ မဆီလျော်တော့တဲ့     သဘောထားဟောင်းတွေ၊ နည်းလမ်းဟောင်းတွေနဲ့တော့       ရှေ့ဆက်နိုင်ဖို့  ခက်ခဲပါလိမ့်မယ်။   နိုင်ငံကိုပြောင်းလဲဖို့     မိမိတို့  ကိုယ်တိုင်ရဲ့ သဘောထားတွေ၊  အယူအဆတွေ၊ နည်းလမ်းတွေကို ဦးစွာပြင်ကြရမှာပါ။    အထူးသဖြင့်     မြန်မာ့နိုင်ငံရေး  အကျပ်အတည်းတွေမှာ နက်နက် ရှိုင်းရှိုင်း  အရင်းခံနေတဲ့     ထိပ်တိုက်ရင်ဆိုင်လိုတဲ့   သဘောထားနဲ့    နည်းလမ်းတွေဟာ    ကောင်းကျိုး ထက်  ဆိုးကျိုးတွေကိုပဲ   ဖြစ်ခဲ့တာ ယခင်ကလည်း   တွေ့ကြုံခံစားခဲ့ရ  ပြီးပါပြီ။  အခုလည်း       အားလုံး တွေ့ကြုံခံစားနေကြရတာ လက်တွေ့ပါပဲ။


ဒီတော့   မြန်မာ့ဒီမိုကရေစီနဲ့   ဖက်ဒရယ်ခရီး ရှေ့ဆက်နိုင်ဖို့ဆိုရင်         ထိပ်တိုက်ရင်ဆိုင်ရေး အယူအဆတွေနဲ့    နည်းလမ်းတွေဟာ     သင့်၏၊ မသင့်၏၊   မှန်၏၊ မမှန်၏၊  သုံးသပ်ပြောင်းလဲကြဖို့ အရေးတကြီးလိုအပ်နေပြီ  ဖြစ်ပါတယ်။     ။