ထိထိရောက်ရောက် ကြိုးပမ်းကြရမည့် နိုင်ငံ့သားကောင်းများပေါ်ထွန်းရေး

 

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ အသက် ၁၅ နှစ်မှ ၆၄ နှစ်ရှိ အလုပ်လုပ်နိုင်သော လူဦးရေ အချိုးအစားမှာ ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိနေသည်။ ထိုသို့ များပြားနေသည့် အလုပ်လုပ်နိုင်သော လူဦးရေကို နှစ် ၂၀ အတွင်း အကျိုးရှိစွာ အသုံးချနိုင်မည်ဆိုလျှင် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုနိုင်ခြင်းကြောင့် မြန်မာနိုင်ငံ သည် လူဦးရေပညာရှင်များ၏ အဆိုအရ “လူဦးရေဆိုင်ရာ ဆုလာဘ်” ရရှိထားသည်ဟုပင် ဆိုသည်။
အထက်ဖော်ပြပါ အသက် ၁၅ နှစ်မှ ၆၄ နှစ်အတွင်း လူငယ်ဟူသော အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အကျုံးဝင်သည့် အသက်အပိုင်းအခြားအလိုက် လူဦးရေအချိုးအစားများမှာ အသက် ၁၅ နှစ်မှ ၁၉ နှစ် - ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ အသက် ၂၀ နှစ်မှ ၂၄ နှစ် - ၈ ဒသမ ၆၁ ရာခိုင်နှုန်း၊ အသက် ၂၅ နှစ်မှ ၂၉ နှစ် - ၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ အသက် ၃၀ နှစ်မှ ၃၄ နှစ်- ၇ ဒသမ ၇၅ ရာခိုင်နှုန်းတို့   ပါဝင်လျက်ရှိသည်ဟုလည်း ဖော်ပြထားသည်။ နိုင်ငံအနာဂတ်အတွက် အရေးပါသော လူငယ်ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်း၍ သုတေသနများပြုလုပ်ရန် လိုအပ်နေပြီး နေရာဒေသအချို့တွင် လူငယ်များ၏ ကျန်းမာ ရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေးအခြေအနေများ နိမ့်ကျမှုရှိနေ ကြောင်း     လူငယ်ဆွေးနွေးပွဲနှင့်     သဘောထားစစ်တမ်း ကောက်ယူမှုများမှ ထွက်ပေါ်လာသည့် အချက်အလက်များ တွင် တွေ့ရှိရသည်။
“သန်းခေါင်စာရင်းအရ    နိုင်ငံအတွင်း   အလုပ်အကိုင် လုပ်ကိုင်နိုင်သူနှင့် အခွင့်အလမ်းများ များစွာရှိသည်ကို တွေ့ရှိ ရကြောင်း၊ လက်ရှိအချိန်တွင် အလုပ်လုပ်ကိုင်ဆောင်ရွက် နိုင်သည့် လူသားအရင်းအမြစ်များကို အသုံးချရန် လိုအပ် သကဲ့သို့ နောင်မျိုးဆက်တွင် အလုပ်လုပ်ကိုင်မည့် လူငယ် များ၏ စွမ်းဆောင်ရည်များလည်း တိုးတက်လာရန် လိုအပ် သဖြင့် ပညာရေးတွင် KG+9 ကို အားပေးဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထပ်မံ၍ နည်းပညာအရ တိုးတက်မှုရှိစေရေး ကောလိပ်များနှင့် တက္ကသိုလ်များတွင် သင်ကြားပေးရမည် ဖြစ်ကြောင်း၊ ခေတ်ကာလအခြေအနေအရ ယခုအခါ လူငယ် များသည် အလုပ်လုပ်ရင်းပညာသင်သည့် အခြေအနေသို့ ရောက်ရှိနေသဖြင့် ထည့်သွင်းစဉ်းစားရမည့်အချက်တစ်ချက် ဖြစ်ကြောင်း၊ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ အနည်း  ဆုံး အခြေခံပညာအလယ်တန်းနှင့်အထက် ရရှိစေရန် မိမိတို့ အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” ဖြင့် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က   ပြည်ထောင်စုအစိုးရအဖွဲ့   လုပ်ငန်းဆောင်ရွက်ချက် များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတစ်ရပ်တွင် ပြောကြားခဲ့ရာ  လူငယ်ရေးရာကဏ္ဍများအနက် ဦးဆုံးကဏ္ဍ ဖြစ်သော  ပညာရေးကို  အထူးအလေးပေးဆောင်ရွက်သွား ရန် လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျေးလက်ဒေသများ၌ နေထိုင်သူဦးရေ ၇၀  ရာခိုင်နှုန်းခန့်ရှိနေရာ    လူငယ်အများစုသည်လည်း ကျေးလက်ဒေသများ၌ နေထိုင်နေကြပြီး ပညာရေး၊ စီးပွားရေး နှင့်   အလုပ်အကိုင်အခွင့်အလမ်း  လိုအပ်ချက်များရှိနေကြ သည်။ ယင်း၏ အကျိုးဆက်အဖြစ် ရွှေ့ပြောင်းအလုပ်သမား များအဖြစ် ပြည်ပထွက်ခွာလျက်ရှိကြရာ ပြည်တွင်းကုန်ထုတ် လုပ်ငန်းများ မြှင့်တင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးနိုင်ရေး၊ KG+9 အခြေခံပညာအလယ်တန်း ပြီးမြောက်သည်အထိ လူငယ်တိုင်း လက်လှမ်းမီစွာ အခမဲ့ သင်ယူနိုင်ရေးတို့ကို  ဟန်ချက်ညီညီ  ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်ကာ နိုင်ငံ၏ အနာဂတ်အတွက် တန်ဖိုး မြင့် လူသားအရင်းအမြစ်များ ရရှိနိုင်ပါစေကြောင်း။         ။