ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း ကျဆင်း


 

ဗန်ကောက်   သြဂုတ်   ၂၃ 


ကိုဗစ်-၁၉ စတင်ဖြစ်ပွားပြီး တစ်နှစ်ခွဲကျော်ကာလကျော်လွန်လာပြီးနောက် ထိုင်း နိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ယခုအခါ ဆက်လက်ရှင်သန်ရန် ရုန်းကန်နေရပြီဖြစ်ကာ ခရီးသည် အများအပြားကိုဆွဲဆောင်ရာမှ တကယ့်ခရီးသွားလာခြင်းကို အရူးအမူးစွဲလမ်းသူများကိုဆွဲဆောင်ရန် လုပ်ဆောင်နေပြီဖြစ်သည်။ 
ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ်က နိုင်ငံတကာခရီးသွား သန်း ၄၀ခန့် ရရှိခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ်အရောက်တွင်  အဆိုပါ   အရေအတွက်မှာ   သိသိသာသာ ကျဆင်းလာခဲ့ပြီး  ၆ ဒသမ ၇ သန်းသာရှိတော့သည်။ 
၂၀၂၁ ခုနှစ်တွင် နိုင်ငံတွင်းသို့လာရောက်လည်ပတ်မည့် ခရီးသည်အရေအတွက်မှာ တစ်သန်း၊ နှစ်သန်းခန့်သာရှိနိုင်ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေး အာဏာပိုင်အဖွဲ့က ခန့်မှန်းခဲ့ သည်။                                                                                                  ဆင်ဟွာ