ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၆၀၀၀ အောက် လျော့နည်းလာ


 

ဘန်ကောက် သြဂုတ် ၃၀


ထိုင်းနိုင်ငံ၌   သြဂုတ် ၃၀ ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၁၅၉၇၂ ဦးရှိလာခဲ့ပြီး အဆိုပါပမာဏသည် ဇူလိုင် ၃၀ ရက်ကတည်းက အနိမ့်ဆုံး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ပမာဏဖြစ်သည်။ 
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် ၂၅၆ ဦးထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြ သည်။ ထိုင်းနိုင်ငံတွင်     ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူပေါင်း   ၁၁၉၀၀၆၃ ဦးအထိရောက်ရှိလာခဲ့ပြီးသေဆုံးသူ ၁၁၃၉၉ ဦးရှိလာပြီ ဖြစ်သည်။ 
ဧပြီလအစောပိုင်းကတည်းက နောက်ဆုံးကိုဗစ်-၁၉ ဖြစ်ပွားရာ ဗဟိုချက်နေရာဖြစ်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအများဆုံးဖြစ်သည်။ 
ထိုင်းနိုင်ငံတွင်ဖေဖော်ဝါရီ ၂၈ ရက်မှ သြဂုတ် ၂၉ ရက်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၃၀ ဒသမ ၉ သန်းရှိလာပြီဖြစ်သည်။ 
လူဦးရေသန်း ၇၀ နီးပါးရှိသည့်အနက် ၁၀ ဒသမ ၆ ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အပြည့်အဝထိုးပြီးကြောင်း သိရသည်။ 
ထိုင်းနိုင်ငံတွင် ရောဂါလက္ခဏာမပြင်းထန်သော ကိုဗစ်-၁၉ လူနာများ  ဆေးရုံမှဆင်းသွားပြီဖြစ်ရာ  ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားနှုန်းသည် ဆက်လက်ကျဆင်းလာဖွယ်ရှိကြောင်း   ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက  ပြောသည်။ 
ထိုင်းလေကြောင်းအာဏာပိုင်အဖွဲ့၏အဆိုအရ ထိုင်းနိုင်ငံသည် စက်တင်ဘာ ၁ ရက်မှစကာ    ပြည်တွင်းလေကြောင်းလိုင်းအချို့ကို     ပြန်လည်ပျံသန်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ 
လာမည့်လတွင်    ကိုဗစ်-၁၉  ကူးစက်နိုင်ခြေမြင့်မားသော ပြည်နယ် ၂၉ ခုကို ပြည်နယ်ချင်းဖြတ် ခရီးသွားလာမှုများ၊ ဈေးဝယ် ကုန်တိုက်များ ဖွင့်လှစ်ခြင်းများ၊   စားသောက်ဆိုင်များ  ဖွင့်လှစ်ခြင်း များအပါအဝင် ကန့်သတ်မှုများ ဖြေလျှော့ပေးတော့မည်ဖြစ်ကြောင်း သိရသည်။      
                                                           ဆင်ဟွာ