ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ လေးရက်ဆက်တိုက် ၁၅၀၀၀ အောက်လျော့နည်းလာ

ဘန်ကောက်  စက်တင်ဘာ  ၃
ထိုင်းနိုင်ငံ၌  စက်တင်ဘာ ၃ ရက်က ကိုဗစ်- ၁၉ ကူးစက်သူ ၁၄၆၅၃ ဦး   ရှိလာခဲ့ပြီး   လေးရက် ဆက်တိုက် ကိုဗစ်-၁၉ ကူးစက်သူ ၁၅၀၀၀ အောက်   လျော့နည်း   ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ကိုဗစ်- ၁၉ စီမံခန့်ခွဲမှုဌာနက ထုတ်ပြန်လိုက်သော  သတင်း အချက်အလက်များအရ သိရသည်။  
ကိုဗစ်- ၁၉ ထပ်မံကူးစက်ဖြစ်ပွားသူအပါအဝင် ထိုင်းနိုင်ငံ၌  ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၁၂၄၉၁၄၀ အထိရှိလာခဲ့ပြီး   ၎င်းပမာဏ၏  ၉၇ ရာခိုင်နှုန်းမှာ ဧပြီ  ၁ ရက်ကတည်းက မှတ်တမ်းတင်ထားသူများ ဖြစ်သည်။   ဧပြီအစောပိုင်းကတည်းက နောက်ဆုံး  ကိုဗစ်- ၁၉ လှိုင်းဖြစ်ပွားရာ ဗဟိုချက်နေရာဖြစ်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သည် ကိုဗစ်-၁၉ ကူးစက် သူ ၃၄၂၈ ဦးဖြင့် အများဆုံး ကိုဗစ်-၁၉ ကူးစက်မှု စံချိန်တင်လျက်ရှိပြီး အိမ်နီးချင်း ဆမွတ်ပရာကန်တွင် ကိုဗစ်-၁၉ ကူးစက်သူ ၁၂၃၇ ဦးရှိကြောင်း  သိရ သည်။ 
ကိုဗစ်- ၁၉ စီမံခန့်ခွဲရေးဌာနက  မြို့တော်နှင့် တခြား ကိုဗစ်-၁၉ ကူးစက်မှုများလေ့ရှိသည့်နေရာများတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်တက် လာနိုင်ကြောင်း သတိပေးထားသည်။ 
နောက်ထပ် ၂၇၁ ဦးထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း  ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၁၂၃၇၄ ဦး အထိ  ရှိလာခဲ့သည်။   ထိုင်းပြည်သူ့ကျန်းမာရေး ဌာနက နိုင်ငံအတွင်းဖြစ်ပွားနေသော အခြေအနေများ ကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉    အခြေအနေတည်ငြိမ်ကောင်းမွန်လာပါက ကန့်သတ်မှုများကို     ဖြေလျှော့ပေးသွားမည်ဖြစ် ကြောင်း ပြောသည်။ 
နာမည်ကြီး ဖူးခက်ကျွန်းကိုလည်း ကာကွယ် ဆေးအပြည့်အဝထိုးထားသည့် ပြည်တွင်းခရီးသွား များအတွက် စက်တင်ဘာ ၈ ရက်မှစတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
ထိုင်းနိုင်ငံတွင် ကြာသပတေးနေ့အထိ ကိုဗစ်-၁၉  ကာကွယ်ဆေးအလုံးရေ   ၈၆၅၀၇၄  ကို ထိုးပေးခဲ့မှုနှင့်အတူ စုစုပေါင်း  ကိုဗစ်-၁၉ ကာကွယ် ဆေးထိုး ပြီးသူ ၃၄ ဒသမ ၂ သန်းရှိလာပြီဖြစ်သည်။ 
လူဦးရေသန်း ၇၀ နီးပါးရှိသည့်အနက် ၁၁ ဒသမ ၃ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးအပြည့်အဝထိုးပြီး ကြောင်း သိရသည်။                             
 ဆင်ဟွာ