ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၉၅၆ ဦး ထပ်မံတွေ့ရှိ

ဗန်ကောက်  စက်တင်ဘာ  ၂


ထိုင်းနိုင်ငံ၌    ကိုဗစ်-၁၉ ရောဂါ    ကူးစက် ခံရသူ   ၁၄၉၅၆  ဦးကို ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ      ကူးစက် ခံရသူပေါင်း  ၁၂၃၄၄၈၇ ဦးရှိလာကြောင်း ထိုင်းနိုင်ငံ     ကိုဗစ်-၁၉ ရောဂါဆိုင်ရာ   စီမံခန့်ခွဲရေးစင်တာက     ပြောကြား သည်။ 


သေဆုံးသူပေါင်း ၁၂၁၀၃ ဦးရှိလာ


တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ     ၁၅၀၀၀ အောက် ကျဆင်းသွားသည်မှာ   ၃ ရက်ခန့်ရှိပြီ ဖြစ်သည်။ အလားတူနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ၂၆၂ ဦး ထပ်မံသေဆုံး သဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့်သေဆုံးသူပေါင်း ၁၂၁၀၃ ဦး ရှိလာ သည်။ 


ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၀၀၀ ကျော်ကို မြို့တော်ဗန်ကောက်နှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်နယ် ငါးခုတွင် တွေ့ရှိရသည်။          နိုင်ငံအတွင်းလက်ရှိ အချိန်၌         ကူးစက်ပျံ့နှံ့လျက်ရှိသော ဒယ်လ်တာဗီဇပြောင်း       ဗိုင်းရပ်စ်အား ထိန်းချုပ်နိုင်ရေးအတွက်     ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး  ထိုးနှံမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအလုံးရေ ရှစ်သိန်းကျော်ကို ထိုးနှံ ပေးခဲ့သည်။ နိုင်ငံအတွင်းရှိ  လူဦးရေ၏ ၁၂ ရာခိုင်နှုန်းသည်       ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ     အပြည့်အဝ ထိုးနှံပြီးစီးခဲ့ပြီး      နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ယခုနှစ်ကုန်၌ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးထိုးနှံပြီးစီးရန် ဆောင်ရွက်လျက်ရှိသည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ