ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၁၂၀၀၀ အောက်ကျဆင်း

 

 

ဘန်ကောက်   စက်တင်ဘာ  ၁၄ 


ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၁၄ ရက်က ကိုဗစ်-၁၉    ထပ်မံ  ကူးစက်သူ ၁၁၇၈၆   ဦးရှိလာပြီး   ၁၃၆   ဦး  ထပ်မံသေဆုံး ကြောင်း ကိုဗစ်-၁၉ စီမံခန့်ခွဲရေး စင်တာ (စီစီအက်စ်အေ)   ၏    ဖော်ပြချက်အရ သိရသည်။ 
စနေနေ့က   ကိုဗစ်-၁၉   ကူးစက် သူ    ၁၅၀၀၀   ကျော်   ရှိလာခဲ့ကြောင်း ဖော်ပြပြီးနောက်   ထပ်မံကူးစက်ခံရသည့် ကိုဗစ်-၁၉    အတည်ပြုလူနာ     အရေ အတွက်မှာ  သုံးရက်ဆက်တိုက် ကျဆင်း လာခဲ့သည်။           ထပ်မံဖြစ်ပွားသော   ကိုဗစ်-၁၉ ကူးစက်သူများအနက် ၂၇၈၈ ဦးမှာ   ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားရာ    ဗဟိုချက်နေရာ ဖြစ်သည့်   ထိုင်းနိုင်ငံ  ဘန်ကောက်မှဖြစ်သည်။ 
လွန်ခဲ့သော       ၂၄    နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်မှုမှ ကောင်းမွန်လာ ပြီး   ဆေးရုံမှဆင်းလာသူ   ၁၄၇၃၈    ဦး ရှိကြောင်း      စီစီအက်စ်အေက ဖော်ပြ ခဲ့သည်။ အဆိုပါပမာဏသည် ကိုဗစ်-၁၉ ထပ်မံကူးစက်မှုပမာဏထက်      ၃၀၀၀ ကျော်ရှိသည်။ 
လွန်ခဲ့သော   နှစ်စပိုင်း     ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစကာ   နိုင်ငံအတွင်း ကိုဗစ်-၁၉   ကူးစက်သူပေါင်း ၁၄၀၆၅၄၂ ဦးရှိပြီး စုစုပေါင်းသေဆုံးသူ ၁၄၆၂၁ ဦး ရှိသည်။ 
ဖေဖော်ဝါရီ ၂၈ ရက်မှ စက်တင်ဘာ ၁၃    ရက်အထိ   စုစုပေါင်း   ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ   ၄၀     ဒသမ ၉ သန်းကျော်ရှိသည်။ 
ထိုင်းနိုင်ငံလူဦးရေ၏  ၁၈  ရာခိုင်နှုန်း ခန့်မှာ    ကိုဗစ်-၁၉     ကာကွယ်ဆေး အပြည့်အဝ    ထိုးနှံပြီးပြီဖြစ်သည်။    ယခု နှစ်ကုန်တွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို    ကိုဗစ်-၁၉    ကာကွယ်ဆေး   လွှမ်းခြုံထိုး ပေးနိုင်ရန်  ရည်ရွယ်ထားကြောင်း သိရ သည်။ 
ဆင်ဟွာ