
ဘန်ကောက် စက်တင်ဘာ ၇
ထိုင်းနိုင်ငံတွင် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုသည် ဇူလိုင် ၂၂ ရက်မှစကာ အနိမ့်ဆုံးသို့ ကျဆင်းလာပြီး ၁၃၈၂၁ ဦးအထိသာ ထပ်မံကူးစက်ဖြစ်ပွားခဲ့သည်။ သို့သော်လည်း ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၄၁ ဦးအထိ ရှိလာခဲ့ကြောင်း ကိုဗစ်-၁၉ စီမံခန့်ခွဲရေးစင်တာက စက်တင်ဘာ ၇ ရက်က သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
ကိုဗစ်-၁၉ထပ်မံကူးစက်သူများအနက် ၆၀၀၀ ကျော်နှင့် သေဆုံးသူထက်ဝက်ခန့်မှာ ဘန်ကောက်နှင့် အနီးဝန်းကျင် ပြည်နယ်ငါးခုမှဖြစ်သည်။
ကိုဗစ်-၁၉ စတင်ကူးစက်ခဲ့သည့် လွန်ခဲ့သောနှစ်မှစကာ ယခုအချိန်အထိ ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၁၃၀၈၃၄၃ ဦးရှိပြီး သေဆုံးသူ ၁၃၂၈၃ ဦးအထိ ရှိလာခဲ့သည်။ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ပြီးသူပေါင်း ၃၆ ဒသမ ၆ သန်း ကျော်လွန်လာပြီဖြစ်သည်။
ထိုင်းနိုင်ငံသည် ယခုနှစ်မကုန်မီ ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၂၄ သန်းကို ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ