
ဘန်ကောက် အောက်တိုဘာ ၂၂
ထိုင်းနိုင်ငံသည် နိုဝင်ဘာ ၁ ရက် မှစတင်ကာ နိုင်ငံနှင့် ဒေသပေါင်း ၆၄ နိုင်ငံမှ ခရီးသွားများကို အသွား အလာစောင့်ကြည့်ကန့်သတ်စရာ မလိုဘဲ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုသွားမည်ဟု သိရ သည်။
ကိုဗစ် - ၁၉ ကူးစက်မှုနည်းပါး သည့် နေရာများဟု သတ်မှတ်ထား သည့် နေရာများမှ လာသောခရီး သွားများအတွက် ခရီးသွားလာမှု ဆိုင်ရာ မူဝါဒသစ်ကို အောက်တိုဘာ ၂၁ ရက်တွင် ထိုင်းအစိုးရက ကြေညာခဲ့သည်။ ထိုင်းနိုင်ငံ အတွင်းသို့ ဝင်ရောက်မည့် ခရီး သွားများသည် ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးဖြစ်ရမည့်အပြင် ကိုဗစ် - ၁၉ ကင်းစင်ကြောင်း လက်မှတ်လည်း ပါရှိရမည်ဖြစ် သည်။
ထိုင်းအစိုးရသည် ပြီးခဲ့သည့် နှစ် မတ်လအတွင်းမှစတင်ကာ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ ပြီး နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှုကို တင်းကျပ်ခဲ့သည်။ ခရီးသွားများအနေဖြင့် ဈေးကြီး သည့် ကျန်းမာရေးအစီအစဉ်တွင် ပါဝင်ထားရမည်ဖြစ်ပြီး နှစ်ပတ် ကြာ အသွားအလာစောင့်ကြည့်မှု ခံယူရန်လည်း သတ်မှတ်ခဲ့သည်။
ဘန်ကောက် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ အရာရှိများ သည် ကိုဗစ် - ၁၉ ဆေးစစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအဆင့် များကို ချောမွေ့စွာ လုပ်ဆောင် နိုင်ရေး အစမ်းလေ့ကျင့်နေကြပြီ ဖြစ်သည်။
ထိုင်းနိုင်ငံသည် ခရီးသွားများ အတွက် အဓိကဆွဲဆောင်ရာနေရာ ဖြစ်ပြီး နှစ်စဉ်ခရီးသွား သန်း ၄၀ ခန့် လာရောက်လည်ပတ်ကြ သည်။ တိုင်းပြည်အတွင်း ခရီး သွားများအတွက် လမ်းပြန်လည် ဖွင့်လှစ် ပေးလိုက်ခြင်းအားဖြင့် ခရီးသွားလုပ်ငန်း ရှင်သန်ရေး အတွက် ကူညီရာရောက်ရန် မျှော် လင့်ထားသည်။
အင်န်အိတ်ချ်ကေ