ထိုင်းနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၃၃၅ ဦးရှိ

ဗန်ကောက်  ဇူလိုင်  ၂၅


ထိုင်းနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၅၃၃၅ ဦးရှိကြောင်းနှင့် ယင်းသို့   တစ်ရက်အတွင်း   ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ       အရေအတွက် တစ်သောင်းကျော်ရှိခဲ့သည်မှာ  ကိုးရက် ဆက်တိုက်         ရှိသွားပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ၏     ကိုဗစ်-၁၉ ရောဂါအခြေ အနေစီမံခန့်ခွဲမှု   ဗဟိုဌာန၏   ထုတ်ပြန် ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

 


ထို့ပြင်   ထိုင်းနိုင်ငံ၌   ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၂၉ ဦးရှိခြင်း ကြောင့်     နိုင်ငံတစ်ဝန်း၌    ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄၀၅၉ ဦးရှိကြောင်း သိရသည်။


စုစုပေါင်း ၄၉၇၃၀၂ ဦးရှိ


ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင် ဖြစ်ပွားချိန်မှစတင်ကာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၉၇၃၀၂ ဦးရှိကြောင်းနှင့် ယင်းတို့အနက် ၁၅၈၅၅၀ ဦးသည် လက်ရှိတွင် ဆေးရုံ များ၌  ဆေးဝါးကုသမှုများ  ခံယူလျက် ရှိကြောင်း သိရသည်။


ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန သည်  ဩဂုတ်လနှင့်  စက်တင်ဘာလ အတွင်း  နိုင်ငံတစ်ဝန်းရှိ   ပြည်သူများ ကိုဗစ်-၁၉ ရောဂါ      ကူးစက်မှုများကို စမ်းသပ်စစ်ဆေးနိုင်ရေး ကိုဗစ်-၁၉ ရောဂါ စမ်းသပ်ကိရိယာ ၈ ဒသမ ၅ သန်းခန့်အား ဖြန့်ဖြူးပေးရန်     စီစဉ်လျက်ရှိကြောင်း အစိုးရ၏ပြောရေးဆိုခွင့်ရှိသူ     အနူချာ ဘူရာပါချိုင်ဆရီက ယနေ့တွင် ပြောကြား သည်။


ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဖြန့်ဖြူးပေးမည့်     ကိုဗစ်-၁၉ ရောဂါ စမ်းသပ်ကိရိယာများကို     ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများနှင့်  အနီးကပ် ထိတွေ့မှုရှိသည့် ပြည်သူများနှင့် ကိုဗစ်-၁၉ ရောဂါ အစုလိုက် အပြုံလိုက် ဖြစ်ပွား ခဲ့သည့်နယ်မြေဒေသများမှ    ပြည်သူ များအား     ဖြန့်ဖြူးပေးသွားမည်ဖြစ် ကြောင်း      အနူချာဘူရာပါချိုင်ဆရီက ဆက်လက်ပြောကြားသည်။ 


ကိုးကား-ဆင်ဟွာ 
ဘာသာပြန်-အလင်းသစ်
n