ထိုင်းနိုင်ငံသို့ လာရောက်မည်ဆိုပါက ယုံကြည်ရသည့် အေဂျင်စီနှင့် ချိတ်ဆက်ပြီးမှ တရားဝင်လာရန် မြန်မာအလုပ်သမားရေး ဆောင်ရွက်သူ တိုက်တွန်း

ရန်ကုန်    ဇွန်    ၁၉
ထိုင်းနိုင်ငံက  တရားမဝင် ဝင်ရောက်မှုများကို လုံခြုံရေးတိုးမြှင့်ကာ ဖမ်းဆီးမှုများနေသည့်အတွက် ယုံကြည်ရသည့် အေဂျင်စီနှင့် ချိတ်ဆက် ပြီးမှ တရားဝင်လာရန်အတွက် မြန်မာအလုပ်သမားရေး ဆောင်ရွက်သူ တစ်ဦးက တိုက်တွန်းပြောကြားသည်။
“စည်းကမ်းတင်းကျပ်တယ်ဆိုတာထက်  လုံခြုံရေးပိုတိုးမြှင့်လိုက် ပြီဆိုရင် ပိုမှန်မှာပါ။ ဒေသဆိုင်ရာ အာဏာပိုင်တွေက နယ်မြေခံတွေ နဲ့တွေ့ဆုံပြီး ရွာထဲကို   မသင်္ကာဖွယ်ရာ   လူစုတွေဝင်လာတယ်ဆိုတဲ့ သတင်းပေးဖို့တွေကအစ အသိပညာပေးနှိုးဆော်တာတွေ   လုပ်လာ တယ်။ နောက်ပြီးတော့  ဝင်လာမယ့်   လမ်းကြောင်းမှာ  ရှောင်တခင် စစ်ဆေးရေးဂိတ်ချပြီး  စစ်ဆေးတာမျိုးတွေ     ပိုတိုးလုပ်လာတာပါ။ ဒါကြောင့်လည်း  အခုနောက်ပိုင်း တရားမဝင်နယ်စပ်ဖြတ်ကျော်လာတဲ့  မြန်မာတွေကို  ဖမ်းဆီးရမိမှုတာမှာ နယ်မြေခံက  သတင်းပေးလာတာ ကြောင့် ပိုပြီးဖမ်းဆီးရမိလာတွေရှိပါတယ်” ဟု  အထက်ပါ အလုပ်သမား ရေး ဆောင်ရွက်သူက ဆိုသည်။
တရားမဝင်လာရောက်လျှင် အခက်အခဲပေါင်းစုံဖြင့် လာရောက်ရ သဖြင့် အသက်အန္တရာယ်ရှိသကဲ့သို့  ဝင်လာသည့်လမ်းတစ်လျှောက်တွင် စစ်ဆေးရေးများကြောင့် လိုက်ဖမ်းလျှင်လည်း ကားသမားမောင်းပြေး သည့်အခါမျိုး၌ ယာဉ်တိမ်းမှောက်သည့် အန္တရာယ်လည်းရှိနိုင်ကြောင်း ၎င်းက ပြောကြားသည်။ အကယ်၍ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ရောက်ရှိလျှင်လည်း        စစ်ဆေးရေးကာလနှင့်ကြုံလျှင်  ဖမ်းဆီးခံရနိုင်ခြေရှိကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ကြောင့် MoU စနစ်ဖြင့် တရားဝင်လမ်းကြောင်းမှသွားရောက် စေလိုကြောင်း၊ MoUစနစ်ဖြင့် သွားရောက်မည်ဆိုပါက MoU စနစ်ကို အမှန်တကယ်လိုက်နာပြီး  ကျင့်သုံးသည့်  အေဂျင်စီများနှင့် စက်ရုံများ သို့ ရောက်သည့်အလုပ်သမားများက MoU စနစ်ကောင်းကျိုးကို ခံစားရ သောကြောင့် ယုံကြည်ရသည့် အေဂျင်စီကို အဓိကထားရွေးချယ်ရန် လိုအပ်ကြောင်း၊  ထိုင်းကိုလာမည်ဆိုပါက အကူအညီတောင်းခံနိုင်မည့် သက်ဆိုင်ရာ အာဏာပိုင်များ၏ ဖုန်းနံပါတ်များကိုလည်း တစ်ပါတည်း မှတ်သားလာရန် လိုအပ်ကြောင်း ၎င်းက အကြုံပြုပြောကြားသည်။ 
MT