
ဘန်ကောက် ဇူလိုင် ၅
သုဝဏ္ဏဘူမိလေဆိပ်အနီးရှိ ဓာတုစက်ရုံတစ်ရုံတွင် ဇူလိုင် ၅ ရက်က ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်မှု ဖြစ်ပွားမှုကြောင့် ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည် ဟု သိရသည်။
ဒေသစံတော်ချိန် ၃ နာရီဝန်းကျင်တွင် အင်အားပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး စမွတ်ဖရာကန်ခရိုင်ရှိ ပလတ်စတစ်ရေမြှုပ်ထုတ် လုပ်ရေးစက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် သည်ဟု ဒေသတွင်းမီဒီယာများတွင် ဖော်ပြကြသည်။
ဓာတုဗေဒပစ္စည်း တန် ၂၀ သိုလှောင်ထားရာ စက်ရုံမှစတင်၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သံသယရှိသည်။ ပေါက်ကွဲမှုအရှိန်ကြောင့် စက်ရုံအတွင်း လုပ်သားများနှင့် အနီးရှိဒေသခံအပါ အဝင် လူ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အနီးရှိစက်ရုံ ၁၀ ရုံ ထိခိုက်ပျက်စီးခဲ့ရသည်။
အဆိုပါစက်ရုံနှင့် ၅ ကီလိုမီတာ အချင်းဝက် အတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ဒေသခံများကို နေရာရွှေ့ပြောင်းမှုများပြုလုပ်ရန် အမိန့်ထုတ်ထား သည်။ မီးလောင်မှုကိုလည်း ငြှိမ်းသတ်နိုင်ခဲ့ပြီးဖြစ် သည်။ သို့သော်လည်း ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုများကိုမူ စုံစမ်းစစ်ဆေး မှု မစတင်ရသေးချေ။
ဆင်ဟွာ