ထိုင်းနိုင်ငံတွင် ကိုဗစ် - ၁၉ နေ့စဉ်ကူးစက်မှု အမြင့်ဆုံးနှင့် ရင်ဆိုင်နေရ

 

ဘန်ကောက်   ဇူလိုင်   ၁၇


ထိုင်းနိုင်ငံတွင် ဇူလိုင် ၁၇ ရက်က ကိုဗစ် - ၁၉ နေ့စဉ်ကူးစက်မှုနှင့်သေဆုံးသူ စံချိန်တင်များပြားမှုတို့  ရင်ဆိုင်နေရသည်ဟု သိရသည်။ 
ပြီးခဲ့သည့် ၂၄ နာရီအတွင်းထိုင်းနိုင်ငံတွင် ကိုဗစ်- ၁၉ နောက်ထပ်ကူးစက်ခံရသူ ၁၀၀၈၂ ဦးနှင့် သေဆုံးသူ ၁၄၁ ဦးရှိသည်ဟု ကိုဗစ် -၁၉ လုပ်ငန်း အဖွဲ့က ပြောသည်။
ထိုင်းနိုင်ငံတွင် နေ့စဉ်ကူးစက်မှုနှုန်း ၁၀၀၀၀ အထက် ကျော်လွန်သွားသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး တစ်ရက်အတွင်း သေဆုံးသူ ၁၀၀ ကျော် သွားသည်မှာလည်း      ပထမဆုံးအကြိမ်ပင်ဖြစ် သည်။ 
တစ်နိုင်ငံလုံးအနှံ့  ကူးစက်ခံရသူ စုစုပေါင်းမှာ ၃၉၁၉၈၉ ဦးရှိပြီး သေဆုံးသူ စုစုပေါင်းမှာလည်း ၃၂၄၀ ရှိသည်ဟု ကိုဗစ် - ၁၉ အခြေအနေများ စီမံ ခန့်ခွဲမှုဆိုင်ရာ စင်တာက ပြောသည်။ 
အရှေ့တောင်အာရှနိုင်ငံ        တစ်နိုင်ငံဖြစ်သည့်     ထိုင်းနိုင်ငံသို့     ဗီဇပြောင်းဒယ်လ်တာကူးစက်မှု   ရောက်ရှိလာပြီးနောက်   ကူးစက်မှုအခြေအနေများ ဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။ 
ကျန်းမာရေးစောင့်ရှောက်မှု      စနစ်မှာလည်း ဖိအားများအောက်   ရောက်လာရသည်။ စီးပွားရေး အခြေအနေမှာလည်း    စိုးရိမ်ရသည့်အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ဆင်ဟွာ