ထန်တလန်မြို့ပေါ်ရှိ နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများအား PDF အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်

နေပြည်တော်  နိုဝင်ဘာ  ၁၀


အကြမ်းဖက်အဖွဲ့ဖြစ်သည့်  NUG  အဖွဲ့သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်   ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံ   ပြည်သူလူထုအတွက်  လမ်းပန်းဆက်သွယ်ရေး    နှင့် ကျန်းမာရေးကိစ္စရပ်များအတွက် အလေးထား     အသုံးပြုလျက် ရှိသော    လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊   အပြစ်မဲ့ ပြည်သူလူထုကို   စိုးရိမ်ထိတ်လန့် စေပြီး မြို့၊ ရွာများတွင် မနေထိုင် ရဲစေရေး မြို့၊ ရွာများအား  မီးရှို့ ဖျက်ဆီးခြင်းများအပြင်  ဒလန်ဟု  စွပ်စွဲ၍  သတ်ဖြတ်ခြင်းများကိုပါ  ကျူးလွန်  လုပ်ဆောင်လျက်ရှိသည် ကို တွေ့ရသည်။


မီးရှို့ဖျက်ဆီး 


ထိုအကြမ်းဖက်   လုပ်ရပ်များ အနက် NUG အကြမ်းဖက်အဖွဲ့၏  ဩဇာခံအဖွဲ့ဖြစ်သော    ဒေသခံ PDF     အကြမ်းဖက်အဖွဲ့သည် နိုဝင်ဘာ ၈ ရက် နံနက် ၂ နာရီခွဲ  ခန့်တွင် ထန်တလန်မြို့ အမှတ်(၃) ရပ်ကွက်ရှိ   နေအိမ်     သုံးလုံး (ကာလတန်ဖိုးငွေကျပ် ၂၈  သိန်း ကျော်)ကိုလည်းကောင်း၊ နိုဝင်ဘာ  ၉ ရက် ည ၉ နာရီခန့်တွင်  နေအိမ်  ၁၅   လုံး   (ကာလတန်ဖိုးငွေကျပ် သိန်း ၄၈၀ ကျော်)ကိုလည်းကောင်း အကြောင်းမဲ့  ထပ်မံမီးရှို့ဖျက်ဆီး  ခဲ့ကြောင်း သိရသည်။


အလားတူ  နိုဝင်ဘာ  ၆  ရက်  နံနက် ၅  နာရီ ၄၅ မိနစ်ခန့်တွင် ချင်းပြည်နယ်   ထန်တလန်မြို့ရှိ  နယ်မြေခံ   လုံခြုံရေးစခန်းအား လက်နက်ငယ်များဖြင့် လာရောက်  ပစ်ခတ်ခဲ့သောကြောင့်  လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် ခဲ့ရာ အကြမ်းဖက်သမားများသည်  တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေး  သွားခဲ့ပြီး    ၎င်းတို့ထွက်ပြေးရာ လမ်းတစ်လျှောက်ရှိ     ဈေးဆိုင် တန်း    ခြောက်လုံးနှင့်   နေအိမ် တစ်လုံးတို့ကို        မီးရှို့ဖျက်ဆီး  ခဲ့သည်။ 


အကြမ်းဖက်အဖွဲ့   ဖြစ်သည့် NUG  အဖွဲ့သည် ၎င်းတို့၏  မူလ    ရည်ရွယ်ချက်ဖြစ်သည့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုနှင့်  တရား ဥပဒေစိုးမိုးမှုကို  ထိခိုက်ပျက်ပြား စေရန်        လေလှိုင်းမှတစ်ဆင့် မြှောက်ပင့်သွေးထိုး၍  ဝါဒဖြန့်ချိ ကာ   ပြည်သူများ၏    အသက် အိုးအိမ်စည်းစိမ်ကိုရင်း၍    နိုင်ငံ တကာမှ  ကူညီထောက်ပံ့မှုများ ရရှိစေရန်နှင့် နိုင်ငံအပေါ်  အထင် အမြင်      လွဲမှားမှုများဖြစ်ပေါ် လာစေရန် လုပ်ဆောင်လျက်ရှိရာ  ဒေသတွင်း  တည်ငြိမ်အေးချမ်းမှု ရရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက်   လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ထိရောက် စွာ   ဆက်လက်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်