တာချီလိတ်မြို့နယ်၌ ငွေကျပ်သိန်း ၂,၇၅၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိ

နေပြည်တော်    ဇူလိုင်   ၁၆
တာချီလိတ်မြို့နယ်၌   ငွေကျပ်သိန်း  ၂,၇၅၀  တန်ဖိုးရှိ  စိတ်ပြောင်း ဆေးဝါး Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ  သိရသည်။
ဖြစ်စဉ်မှာ   မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့ဝင်များ  ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၅ ရက် ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့နယ်  မိုင်းကိုးကျေးရွာအုပ်စု ပန်ဟတ်ကျေးရွာအနီးတွင် အိုင်အဲန်ကျောက်    မောင်းနှင်ပြီး   အိုက်ခမ်းကွမ်     လိုက်ပါလာသည့် MITSUBISHI OUTLANDER မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ သဖြင့် အိုက်အဲန်ကျောက် (၂၇) နှစ်နှင့် အိုက်ခမ်းကွမ် (၂၀) နှစ်တို့ကို မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။        
သတင်းစဉ်