တာလီဘန်များ ထောက်ခံပေးထားသည့် ပိုလီယိုကာကွယ်ဆေးအစီအစဉ် စတင်

 

 

ကဘူးလ်  နိုဝင်ဘာ ၉


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကုလသမဂ္ဂကလေး များ   ရန်ပုံငွေအဖွဲ့တို့သည်   အာဖဂန်နစ္စတန်နိုင်ငံ တစ်ဝန်း  တာလီဘန်များ  ထောက်ခံပေးထားသည့်  ပိုလီယိုကာကွယ်ဆေးပေးရေးအစီအစဉ်ကို ပြုလုပ် ခဲ့ကြသည်။ ပိုလီယိုကြောင့် ကိုယ်လက်အင်္ဂါ အကြော သေခြင်းနှင့် အသက်ဆုံးရှုံးမှုတို့ဖြစ်ပေါ်စေနိုင်သည်။
ပိုလီယိုရောဂါသည်     ကလေးငယ်များတွင် ကူးစက်မှုများပြားသည်။ သို့သော်လည်း ကာကွယ် ဆေးဖြင့် ပိုလီယိုကို ကာကွယ်ပေးနိုင်သည်။ ကမ္ဘာ ပေါ်တွင် ပိုလီယိုရောဂါ  အရှင်းမပျောက်သေးသည့် နိုင်ငံမှာ   အာဖဂန်နစ္စတန်နှင့်    ပါကစ္စတန်တို့သာ ကျန်ရှိတော့သည်။  နိုဝင်ဘာ ၈ ရက်မှစတင်ကာ လေးရက်ကြာ ပိုလီယိုကာကွယ်ဆေးထိုးနှံပေးသည့် အစီအစဉ်   စတင်ပြီဖြစ်သည်။  ကဘူးလ်မြို့တွင် ကျန်းမာရေးလုပ်သားများသည် အိမ်တိုင်ရာရောက် ပိုလီယိုကာကွယ်ဆေးများပေးနေသည်ကို တွေ့မြင်ရ သည်။    အတိတ်ကာလက  တာလီဘန်များသည် ကာကွယ်ဆေးထိုးနှံပေးသည့်      အစီအစဉ်မှာ အနောက်အုပ်စု၏ အကြံအစည်ဖြစ်သည်ဟု  အခိုင် အမာ ပြောဆိုခဲ့သည်။ 
ယခုအချိန်တွင်မူ  တာလီဘန်ခေါင်းဆောင်ပိုင်း သည် ကာကွယ်ဆေးပေးခြင်း  အစီအစဉ်ပြန်လည် စတင်ရန်အတွက် ထောက်ခံအားပေးမှုများကို  ပြသ လာပြီဖြစ်သည်။ အချို့သော ဒေသများတွင် လုံခြုံရေး စိတ်ချရစေရေးအတွက်    ကျန်းမာရေးဝန်ထမ်းများ နှင့်အတူ   ၎င်းတို့၏   တိုက်ခိုက်ရေးသမားများပါ လိုက်ပါမည်ဟု ကတိပြုထားသည်။ 
ယခုအချိန်တွင်   တာလီဘန်တို့၏  ထောက်ခံမှု ရရှိလာသည့်အတွက် သတ်မှတ်ထားသည့်   အချိန် အတွင်း ကာကွယ်ဆေးပေးခြင်းလုပ်ငန်း ပြီးစီးမည် ဟု မျှော်လင့်ထားကြောင်း  အမျိုးသမီးဝန်ထမ်း တစ်ဦးက ပြောသည်။  
တာလီဘန်တို့ ကိုင်တွယ်ထားသည့် ကျန်းမာရေး ဝန်ကြီးဌာနတွင်   လုပ်သားပေါင်း   ၆၈၀၀၀ မှာ အိမ်တိုင်ရာရောက်စနစ်ဖြင့် ကလေးပေါင်း ၃ ဒသမ ၃ သန်းကို  ကာကွယ်ဆေးပေးမှုများ   လုပ်ဆောင် မည်ဖြစ်သည်။                          အင်န်အိတ်ချ်ကေ