တာမွေမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ဖြစ်ပွားခဲ့သည့် ပျက်စီးမှုများကို ဖယ်ရှားရှင်းလင်း

 

တာမွေ  မေ  ၁


ရန်ကုန်အရှေ့ပိုင်းခရိုင်   တာမွေ မြို့နယ်၌    ယမန်နေ့က     မိုး သည်းထန်စွာ     ရွာသွန်းပြီး       လေပြင်း    တိုက်ခတ်ခဲ့မှုကြောင့်    မြို့နယ်အတွင်းရှိ       ရပ်ကွက်များ တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ် ခြင်း၊       သစ်ပင်သစ်ကိုင်းများ    ပြိုလဲ    ကျိုးကျခြင်းများနှင့်   ဆက်သွယ်ရေး      ကြိုးများ ပြတ်တောက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ     ပြည်သူများသွားလာရေး အခက် အခဲများ ဖြစ်ပေါ်ခဲ့သည့်အတွက်      မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်မှုဖြင့်     သက်ဆိုင်ရာ တာဝန်ရှိသူများ     ပူးပေါင်းပြီး       ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

 


“အခုလို သက်ဆိုင်ရာတာဝန် ရှိသူတွေအနေနဲ့   ကျွန်တော်တို့ ပြည်သူတွေ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေဖို့အတွက် သဘာဝ ဘေးကြောင့်    ဖြစ်ပေါ်ခဲ့ရတဲ့ သစ်ပင်ပြိုလဲမှုတွေ၊    ရေကြီး‌ ရေလျှံမှုတွေ၊     သဘာဝဘေး အန္တရာယ်ကြောင့်   ဖြစ်ပေါ်ခဲ့ရ တာတွေကို      နေ့ချင်းအပြီး ဆောင်ရွက်ပေးတဲ့အပေါ်  ပြည်သူ အားလုံးရဲ့ကိုယ်စား     ကျေးဇူး အထူးတင်ရှိပါတယ်။   မိုးတွင်း ကာလကလည်း      မကြာမီ ကျရောက်တော့မှာဖြစ်တဲ့အတွက် ဒီတာမွေမြို့နယ် အတွင်းမှာရှိတဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးတွေ၊ ဆက်သွယ်ရေးလိုင်းကြိုးတွေနဲ့ မလွတ်ကင်းတဲ့  သစ်ပင်သစ်ကိုင်း တွေကို ခုတ်ထွင်ရှင်းလင်းပေးစေ ချင်ပါတယ်”  ဟု   တာမွေမြို့နယ် အတွင်း   နေထိုင်သူတစ်ဦးကဆို သည်။

 


ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေ        မြို့နယ်အတွင်း         ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ ရေစီး ရေလာကောင်းမွန်စေရေး၊ လမ်းပန်း ဆက်သွယ်မှု အဆင်ပြေချောမွေ့ စေရေး၊  မြို့ပြအင်္ဂါရပ်နှင့် ပြည့်စုံ ညီညွတ်မှုရှိစေရေး၊      မြို့နယ် အတွင်းရှိ ပြည်သူများ၏ အသက် အိုးအိမ်လုံခြုံမှုရှိစေရေး၊ လူမှုရေး၊  စီးပွားရေး၊    ကျန်းမာရေးနှင့်   လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုး  တိုးတက်စေရေးအတွက် မြို့နယ် စီမံ      အုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ    တာဝန်ရှိသူများ      ပူးပေါင်း ဆောင်ရွက်လျက်ရှိသလို မြို့နယ်အတွင်း   သဘာဝဘေး အန္တရာယ် များ   ကျရောက်လာပါက လည်း     အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်    ပေးလျက်ရှိပြီး   မြို့နယ်အတွင်း    သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်လာပါက       အရေးပေါ် တယ်လီဖုန်းနံပါတ်   ၀၁-၅၅၄၈၉၃၊ ၀၁-၅၅၄၈၄၁၊ ၀၁-၅၅၄၇၇၈ သို့ အကူအညီတောင်းခံ နိုင်ကြောင်း သိရသည်။


နိုင်လင်းအောင်(တာမွေ)